A d v e r t i s e m e n t With Us

ဖူကူရှီး​မား​ ဓာတ်​ပေါင်း​ဖို အန္တရာယ်​ကြောင့်​ ဂျပန်နိုင်ငံ နိုင်ငံခြား​ခရီး​သွား​လုပ်ငန်း​ ထိခိုက်

ဖူကူရှီး​မား​ နျူကလီယား​ဓာတ်​ပေါင်း​ဖို အန္တရာယ်ဆိုး​ကြီး​ကို ကြုံခဲ့​ရပြီး​ ယခု ဆယ်လ​ကျော် ကြာလာတဲ့​အထိ ဂျပန်နိုင်ငံဟာ နျူကလီး​ယား​ပြဿနာရဲ့​ ​နောက်ဆက်တွဲ အကျိုး​ဆက်​တွေကို ရင်ဆိုင်​နေရဆဲ ဖြစ်ပါတယ်။ ဂျပန်ရဲ့​ နိုင်ငံခြား​ခရီး​သွား​လုပ်ငန်း​က လုံခြုံစိတ်ချရမှု ရှိတယ်ဆိုတာကို နိုင်ငံခြား​သား​တွေ ယုံကြည်​အောင် ကြိုး​စား​လုပ်​ဆောင်​နေရတုန်း​ပါပဲ။ နှင်း​လျှောစီး​နေရာ​တွေက ဖူကူရှီး​မား​ ဓာတ်​ပေါင်း​ဖိုနဲ့​ ၁၈၆ မိုင် ​လောက်ပဲ ​ဝေး​တာမို့​ အခု အဲဒီကို ဧည့်​သည်​တွေ မလာသ​လောက် ဖြစ်​နေပါတယ်။ ဩစ​တြေး​လျသတင်း​ဌာနမှ သတင်း​ထောက် ‘မခ် ဝီလာစီ’ (Mark Willacy) က သတင်း​ပေး​ပို့​ထား​တာပါ။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ယုယမိုး​က စီစဉ်တင်ဆက်ထား​တာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up