Homeအာရှဒေသ
ခေတ်မီတိုးတက်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဝိညာဉ်ကိုးကွယ်တဲ့ ရှားမန်ဝါဒ ပိုမိုအားကောင်းလာ
ခေတ်မီတိုးတက်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဝိညာဉ်ကိုးကွယ်တဲ့ ရှားမန်ဝါဒ ပိုမိုအားကောင်းလာ
DVB
·
January 25, 2012
ခေတ်ပေါ်နည်းပညာတွေကို ကျွမ်းကျင် ကျင်လည်နေကြတဲ့ တောင်ကိုရီးယား နိုင်ငံသားတွေဟာ ဆမ်ဆောင်း စမတ်ဖုန်းတို့၊ ဟွန်ဒိုင်း ကား တို့ကိုပဲ ကိုးကွယ်နေတယ်လို့ ထင်ရင် မှားပါလိမ့်မယ်။ တောင်ကိုရီးယားနိုင်ငံသား အများစုဟာ နှစ်ထောင်ချီပြီးရှိတဲ့ သစ်ပင်တောတောင်နဲ့ ဝိညာဉ်ဆိုင်ရာ ကိုးကွယ်မှုတွေဆီ ပြန်သွားနေပါတယ်။ ခေတ်သစ်ဘဝနေထိုင်မှု ပုံစံမျိုးစုံရှိပေမဲ့ ကိုရီးယားတွေဟာ ‘ရှားမန်ဝါဒ’ လို့ခေါ်တဲ့ ရိုးရာယုံကြည်ကိုးကွယ်မှု နောက်ကို ပြန်လိုက်နေကြပါတယ်။ ရှားမန် ကိုးကွယ်မှုမှာ ရုပ်လောကနဲ့ ဝိညာဉ်လောကကို ဆက်သွယ်ပေးတဲ့ ‘မူဒန်း’ လို့ခေါ်တဲ့ နတ်ဝင်သည်တွေက ကြားခံအဖြစ် ရှိပါတယ်။ ဆိုးလ်မြို့ကနေ သတင်းထောက် ‘ဂျေဆင် စထရိုသာ’ (Jason Strother) က သတင်းပေးပို့ထားတာပါ။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။