ဂျွန်တယ်ရီကို ခေါ်ယူရန် ဆွေးနွေးနေဟု ဆွမ်ဆီးနည်းပြပြော

385
ချဲလ်ဆီးအသင်းကနေ ထွက်ခွာမယ့် ဂျွန်တယ်ရီကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ ဆွမ်ဆီးနည်းပြ ပေါလ်စလီမန့်က ၀န်ခံပြောကြားလိုက်ပါတယ်။
အသက် ၃၆ နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း တယ်ရီဟာ ဒီနှစ်ရာသီအကုန်မှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ကစားသမားဘ၀ကနေ အနားယူနိုင်တယ်လို့လည်း ပြောကြားထားတာပါ။
ဆွမ်ဆီးနည်းပြ ပေါစလီမန့်ကတော့ တယ်ရီကိုခေါ်ယူဖို့ ဆွေးနွေးနေပြီး သူ့အနေနဲ့ ဘယ်လိုဆုံးဖြတ်မလဲဆိုတာကတော့ မသိသေးဘူးလို့ ဆိုပါတယ်။
တယ်ရီရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထွက်နေပေမယ့် လက်ရှိအချိန်မှာ ကောလာဟလသာ ဖြစ်တယ်လို့လည်း ဆွမ်ဆီးနည်းပြက ဆိုပါ တယ်။
ချဲလ်ဆီးအသင်းခေါင်းဆောင် တယ်ရီကို ဘုန်းမောက်နဲ့ ၀က်စ်ဘရွန်းအသင်းတို့ကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။
ဆွမ်ဆီးအသင်းဟာ ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းတဦးဖြစ်တဲ့ မက်ခီလီလီကိုလည်း လက်ထောက်နည်းပြအဖြစ် ခန့်အပ်သွားမှာဖြစ်ပါတယ်။