
အိန္ဒိယအစိုးရက တတိုင်းပြည်လုံးရှိ ဆေးရုံတွေနဲ့ ကျန်းမာရေးဌာနတွေကတဆင့် အိမ်သုံး အထွေထွေဆေးဝါး အခမဲ့ ဝေငှပေးဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ အဲဒီအစီအစဉ်က အစိုးရအတွက် တနှစ်ကို ဒေါ်လာ ငါးသန်း ကုန်ကျမှာ ဖြစ်ပါတယ်။ လူထုအတွက် အထွေထွေသုံး ဆေးဝါး ၂၀၀ ကျော် အခမဲ့ဖြန့်ဝေပေးမှုက အိန္ဒိယ ပြည်နယ်သုံးခုမှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအကြောင်း သတင်းထောက် ဂျက်စ်ဗင်ဒါ ဆာဂဲလ် (Jasvinder Sehgal) က ကျေးလက် ဆေးခန်းတခုကို ကိုယ်တိုင်သွားရောက်ပြီး သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။