တရုတ်နိုင်ငံက ပြည်တွင်းဖြစ် တိုက်ခိုက်ရေးရဟတ်ယာဉ် ထုတ်ဖော်ပြသ (ရုပ်သံ)
Published By
DVB | 19 May, 2017
716
0
Share
0
Comment
0
Likes
တရုတ်နိုင်ငံဟာ သူ့ရဲ့ ပြည်တွင်းဖြစ် တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။
အမြတ်အစွန်းကြီးမားတဲ့ ဈေးကွက်ထဲဝင်ဖို့ ပြင်ဆင်နေတာဖြစ်သလို ခေတ်မီအစီအစဉ်ကို အရှိန်အဟုန်နဲ့ မြှင့်တင်ဖို့ ဆောင်ရွက်နေတာပါ။
အစိုးရပိုင် ဟာဘင် လေယာဉ်ထုတ်လုပ်ရေးစက်ရုံက ထုတ်လုပ်ခဲ့တဲ့ Z-19E အမျိုးအစား အဲဒီရဟတ်ယာဉ်ကို ဟာဘင်မြို့မှာ စမ်းသပ်မောင်းနှင်ခဲ့ပုံတွေကို အစိုးရ တီဗွီသတင်းမှာ ပြသခဲ့ပါတယ်။
အဲဒီ Z-19E ရဟတ်ယာဉ်ကို မြေပြင်နဲ့ ကပ်ပျံသန်းပြီး တင့်ကားတွေ၊ ကျည်ကာမော်တော်ယာဉ်တွေနဲ့ တခြား မြေပြင်ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး နိုင်ငံတကာဈေးကွက် လိုအပ်ချက်တွေနဲ့ ပြည့်မီအောင် တည်ဆောက်ထားတာဖြစ်တယ်လို့ အစိုးရပိုင် ဆင်ဟွာသတင်းက ပြောပါတယ်။
တရုတ်နိုင်ငံဟာ သူ့ရဲ့ ကမ္ဘာ့အကြီးဆုံး စစ်တပ်ကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က စစ်သုံးစက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို ခေတ်မီစက်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ အစားထိုးပြောင်းလဲကာ အရေအတွက်ထက် အရည်အသွေးကို တိုးတက်လာအောင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံပြီး ဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါတယ်။