A d v e r t i s e m e n t With Us

အိန္ဒိယ အစိုး​ရ​ဆေး​ရုံ​တွေမှာ ​ဆေး​ကောင်း​များ​ အခမဲ့​ပေး​ဝေ

အိန္ဒိယအစိုး​ရက တတိုင်း​ပြည်လုံး​ရှိ ​ဆေး​ရုံ​တွေနဲ့​ ကျန်း​မာ​ရေး​ဌာန​တွေကတဆင့်​ အိမ်သုံး​ အ​ထွေ​ထွေ​ဆေး​ဝါး​ အခမဲ့​ ​ဝေငှ​ပေး​ဖို့​ စီစဉ်​ဆောင်ရွက်​နေပါတယ်။ အဲဒီအစီအစဉ်က အစိုး​ရအတွက် တနှစ်ကို ​ဒေါ်လာ ငါး​သန်း​ ကုန်ကျမှာ ဖြစ်ပါတယ်။ လူထုအတွက် အ​ထွေ​ထွေသုံး​ ​ဆေး​ဝါး​ ၂၀၀ ​ကျော် အခမဲ့​ဖြန့်​ဝေ​ပေး​မှုက အိန္ဒိယ ပြည်နယ်သုံး​ခုမှာ ​အောင်မြင်စွာ လုပ်​ဆောင်နိုင်ခဲ့​ပြီး​ ဖြစ်ပါတယ်။ ဒီအ​ကြောင်း​ သတင်း​ထောက် ဂျက်စ်ဗင်ဒါ ဆာဂဲလ် (Jasvinder Sehgal) က ​ကျေး​လက် ​ဆေး​ခန်း​တခုကို ကိုယ်တိုင်သွား​ရောက်ပြီး​ သတင်း​ပေး​ပို့​ထား​တာ ဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up