A d v e r t i s e m e n t With Us

အမြန်လမ်းမကြီးပေါ်တွင် ဇိမ်ခံကား ၂ စီး တိုက်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၊ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅၈ မိုင်အနီးမှာ ယာဉ် ၂ စီး တိုက်မိပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘောနီအမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ မေ ၁၈ ရက် နံနက် ၁၁ နာရီခွဲလောက်က ဒိုက်ဦးမြို့နယ် ဘောနီ အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မျာ ရန်ကုန်ကနေ နေပြည်တော်ကို စန်းမြိုင် မောင်းနှင်လာတဲ့ယာဉ်ဟာ ရှေ့က မောင်းနေတဲ့ ယာဉ်ကို ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ တိုက်မိပြီး တိမ်းမှောက်သွားပြီး အတိုက်ခံရတဲ့ ယာဉ်ကတော့ မြေသားလမ်းပေါ်မှာ ရပ်တန့်သွားခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်မတော်ဆမှုကြောင့် တိမ်းမှောက်သွားတဲ့ ယာဉ်ပေါ်လိုက်ပါသူ ယာဉ်မောင်း အပါအ၀င် ကျား ၃ ဦး၊ မ ၂ ဦး တို့ ထိခိုက်ဒဏ်ရာအသီးသီးရရှိသွားခဲ့ပြီး ပဲခူးဆေးရုံကြီးမှာ အတွင်းလူနာတွေအဖြစ် ဆေးကုသမှုခံယူခဲ့ရပြီး အတိုက်ခံရတဲ့ ယာဉ်ပေါ်မှ လူတွေတော့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ သိရပါတယ်။ ဘောနီအမြန်လမ်းမကြီးရဲစခန်းက ယာဉ်မောင်း စန်းမြိုင်ကို ယာဉ်မဆင်မခြင် မောင်းနှင်မှု ပုဒ်မ-၃၃၇/၃၃၈ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း) ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့

A d v e r t i s e m e n t With Us

More News
Up