A d v e r t i s e m e n t With Us

အမျိုး​သမီး​ပညာ​ပေး​ ​ရေဒီယိုဇာတ်လမ်း​ ထုတ်လွှင့်​မှု ပါကစ္စတန်လူမျိုး​စု​တွေကြား​ လူကြိုက်များ

ပါကစ္စတန်နိုင်ငံက ‘ခိုင်ဘာ ပါခ်တွန်ဟွာ’ ပြည်နယ်မှာ ​ခေတ်​နောက်ကျတဲ့​ ​ကျေး​လက်​ဒေသ အများ​စုရှိပါတယ်။ အဲဒီက လူမျိုး​စု​တော်​တော်များ​များ​ဟာ ​ခေတ်​ပေါ် ရုပ်ရှင် ဂီတ​ဖျော်​ဖြေမှု​တွေကို လက်လှမ်း​မမီကြပါဘူး​။ ပိတ်ပင်ထား​ခြင်း​ခံရတဲ့​ အဲဒီ​ဒေသ​တွေမှာ အစွန်း​ရောက် စစ်​သွေး​ကြွအုပ်စု​တွေက လိုင်စင်မဲ့​ ​ရေဒီယိုသတင်း​ဌာန တည်​ထောင်ပြီး​ ဝါဒဖြန့်​ မှိုင်း​တိုက်မှု​တွေ လုပ်​လေ့​ရှိပါတယ်။ ဒါ​ပေမဲ့​ မကြာခင်က အဲဒီ့​ ​ဒေသအတွက် ​ရေဒီယို အစီအစဉ်သစ်တခု ထုတ်လွှင့်​နိုင်ခဲ့​ပြီး​ အမျိုး​သမီး​အခွင့်​အ​ရေး​နဲ့​ ပညာ​ရေး​အ​ကြောင်း​တွေက လူမျိုး​စု​တွေရဲ့​ စိတ်နှလုံး​ကို စွဲငြိဖမ်း​စား​နိုင်ခဲ့​တဲ့​အ​ကြောင်း​ ပြည်နယ်ရဲ့​မြို့​တော် ‘ပါရှ်ဟာဝါ’ က​နေ သတင်း​ထောက် ‘ရှဒီခန် ဆာအိဖ်’ (Shadi Khan Saif)က သတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ယုယမိုး​က စီစဉ်တင်ဆက်ထား​တာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up