သူပုန်ထိန်းချုပ်နေရာများကို ဆီးရီးယားစစ်လေယာဉ်များ ထိုးစစ်ဆင်နွှဲ (ရုပ်သံ)

571
ဂျနီဗာမြို့မှာ ဆီးရီးယားငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်နေချိန်မှာ ဆီးရီးယားအစိုးရက ဒီထိုးစစ်ကို ဆင်နွှဲတာဖြစ်ပါတယ်။
ရုပ်သံဗွီဒီယိုထဲမှာတော့ ထိုးစစ်ကြောင့် ဒါရားမြို့မှာ မီးခိုးလုံးကြီးတွေ ထိုးတက်နေတာကို တွေ့ရပါတယ်။
ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာဟာ ၇ နှစ်အတွင်းကို ၀င်ရောက်လာပြီဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဆီးရီးယားအစိုးရ စစ်လေယာဉ်တွေဟာ မေ ၁၇ ရက်နေ့က ဒါရား (Deraa) မြို့ပေါ်ပျံသန်းပြီး သူပုန်ထိန်းချုပ်တဲ့နေရာတွေကို ထိုးစစ်ဆင်နွှဲခဲ့ပါတယ်။