Live
Home
မြန်မာသတင်း
ရန်ပုံငွေ ၅ ဘီလျံကိစ္စ ဆက်လက်ဆောင်ရွက်နေဟု ဧရာဝတီတိုင်းဝန်ကြီးချုပ်ပြော
သော်ဇင်မျိုး
·
May 18, 2017
  ရန်ပုံငွေ ၅ ဘီလျံကိစ္စ ရှေ့ဆက်ဆောင်ရွက်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီက ဒီနေ့ ပြောဆိုလိုက်ပါတယ်။ သတင်းထွက်ပေါ်နေတဲ့ ရန်ပုံငွေ ၅ ဘီလျံကျော်နဲ့ပတ်သက်ပြီး ဒီကနေ့ မေလ ၁၈ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အပြီး ဝန်ကြီးချုပ်မန်းဂျော်နီကိုမေးမြန်းရာ ရှေ့ဆက်ကြိုးစား ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ အသေးစိတ်ကိုတော့ ပြောလို့မရဘူးလို့ဆိုပါတယ်။ “အဲဒါ အခုပြောလို့မရသေးပါဘူး အဲ့ဒါတွေ အခုရှေ့မှာဆက်ပြီးတော့ ကြိုးစားနေတယ်။ ဆက်ပြီးတော့လုပ်နေတယ် ဆက်ပြီးတော့လုပ်နေတာ ပြေလည်ဖြေရှင်းသွားပြီးတဲ့အခါကျမှပြော မယ် အခုလုံးဝမပြောသေးဘူး” လို့ ပြောပါတယ်။ အရင်အစိုးရဟောင်းဘက်ကတော့ သတင်းထွက်ပေါ်နေတဲ့ ရန်ပုံငွေကိစ္စအနေနဲ့ ရန်ပုံငွေ မဟုတ်ဘဲ ဖောင်ဒေးရှင်းငွေ ၅ ဒသမ ၂ ဘီလျံဖြစ်ပြီး ပြင်ပကရရှိတဲ့ငွေဖြစ်တဲ့အတွက် အစိုးရနဲ့ မသက်ဆိုင်ဘူးလို့ အရင် ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းကိုကိုက ဖြေကြားထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024