A d v e r t i s e m e n t With Us

အာရှယူ-၂၀ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာက ကာတာကို ၆-၂ ဂိုးဖြင့် အနိုင်ရ (ရုပ်သံ)

ဓာတ်ပုံ - အေအက်ဖ်စီ
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ AFC ယူ-၂၀ ဖူဆယ်ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းက ကာတာကို ၆ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မြန်မာအသင်းအတွက် ဂိုးတွေကို ရှိုင်းထက်အောင်က ၂ ဂိုး၊ ထက်ဝေသိန်း၊ ပြည့်ဖြိုးမောင်၊ ရဲလင်းထွန်း၊ မင်းသူတို့က ၁ဂိုးစီ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် မြန်မာအသင်းဟာ အုပ်စု စီ မှာ ရမှတ် ၃ မှတ်ရပြီး နောက်တဆင့် ရှုံးထွက်အဆင့်ကိုတက်ဖို့ အခွင့်အရေး အနည်းငယ် ရရှိသွားပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာတော့ မြန်မာအသင်းက ဥဇဘက်ကစ္စတန်အသင်းကို ၅ ဂိုးပြတ်ရှုံးပြီး ဟောင်ကောင်ကိုလည်း ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။ မြန်မာအသင်းဟာ လာမယ့် မေလ ၂၀ ရက်နေ့မှာ နောက်ဆုံးပွဲစဉ်အဖြစ် လက်ဘနွန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up