Homeအာရှဒေသ
အင်ဒိုနီးရှား အုပ်ချုပ်စဉ်ကာလအတွင်း အရှေ့တီမောမှ ပျောက်ဆုံးသွားသော ကလေးငယ် ၄၀၀၀
အင်ဒိုနီးရှား အုပ်ချုပ်စဉ်ကာလအတွင်း အရှေ့တီမောမှ ပျောက်ဆုံးသွားသော ကလေးငယ် ၄၀၀၀
DVB
·
January 20, 2012
အင်ဒိုနီးရှားနိုင်ငံက အိမ်နီးချင်း အရှေ့တီမောကို နှစ်ပေါင်း ၂၄ နှစ်ကြာအောင် သိမ်းပိုက်ထားခဲ့ပါတယ်။ အဲဒီအချိန်အတွင်း တီမော ကလေး ၄ဝဝဝ်လောက်ကို သူတို့မိဘတွေရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ အင်ဒိုနီးရှားကို အတင်းခေါ်သွားခဲ့ပါတယ်။ အရှေ့တီမော လွတ်လပ်ရေးရပြီးနောက်မှ အဲဒီကွဲကွာနေတဲ့ မိသားစုတွေ ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။ တချို့ ကလေးတွေကို ရှာဖွေနေရဆဲဖြစ်ပါတယ်။ အေးရှားကောလင်း သတင်းထောက် ‘စီထရာ ပရာစ်တူတီ’ (Citra Dyah Prastuti) က တီမောမိသားစုတစုကို တွေ့ဆုံမေးမြန်းထားတာပါ။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။