အန်အယ်လ်ဒီနာယက ဦးတင်ဦး ကျန်းမာရေးအတွက် မြိတ်တွင် ဆုတောင်းပွဲကျင်းပ (ဓာတ်ပုံ)
DVB
·
May 18, 2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) နာယက ဦးတင်ဦး အမြန်ဆုံးပြန်လည် ကျန်းမာလာစေဖို့ မြိတ်မြို့မှာ ဒီနေ့ မနက်က ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။
မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ဆုတောင်းပွဲကို မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်ကြီးမှာ ပြုလုပ်ခဲ့တာပါ။
ဆုတောင်းပွဲကို ဒေသခံအင်အား ၄၀ လောက်တက်ရောက်ခဲ့ပြီး နာမကျန်းဖြစ်နေတဲ့ "ဦးတင်ဦး အမြန်ဆုံးကျန်းမာပါစေ"၊ "သက်တော်ရာကျော်ရှည်ပါစေ" စတဲ့ ဆုတောင်းမေတ္တာ ပို့သခဲ့ပါတယ်။
ဆုတောင်းပွဲမှာ စေတီတော်အား လက်ယာရစ် ၃ ပတ် လှည့်ပတ်ဆုတောင်းကာ အာရုံခံတန်ဆောင်းမှာ စုပေါင်းပြီး ဆုတောင်းခဲ့ကြတာ ဖြစ်ပါတယ်။
အဆိုပါဆုတောင်းပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)