အာဖဂန်နစ္စတန်ကို သွားမယ့် နေတိုးရိက္ခာကားတန်းများ ပါကစ္စတန်မှာ သောင်တင်နေ
DVB
·
January 19, 2012
အာဖဂန်နစ္စတန်ကို ဝင်ရောက်မယ့် နေတိုးတပ်ဖွဲ့ရဲ့ ထောက်ပံ့ရေး ယာဉ်တန်းတွေကို ပါကစ္စတန်နိုင်ငံက ဖြတ်ခွင့်မပြုဘဲ ပိတ်ဆို့ထားတာ ရက်သတ္တပတ် အတော်ကြာပါပြီ။ မနှစ်က နိုဝင်ဘာလကုန်မှာ အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်နယ်စပ်နဲ့ ကပ်လျက်ရှိတဲ့ ဂိတ် ၂ ခုမှာ ပါကစ္စတန်စစ်သား ၂၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒါကို အကြောင်းပြုပြီး ပါကစ္စတန်က ယခု နေတိုးအဖွဲ့ရဲ့ ယာဉ်တန်းတွေ ဖြတ်သန်းမယ့်လမ်းကြောင်းကို ပိတ်ထားတာဖြစ်ပါတယ်။ နေတိုးတပ်တွေဟာ အာဖဂန်နစ္စတန်ထဲမှာရှိတဲ့ သူတို့တပ်တွေကို ထောက်ပံ့ဖို့ ပါကစ္စတန်နိုင်ငံ `ကာရာချိ´ ပင်လယ်ဆိပ်ကမ်းတဆင့် `ခိုင်ဘာ´ တောင်ကြားလမ်းကို ဖြတ်ပြီး ကုန်းလမ်းကနေ သွားရပါတယ်။ အခု ကရာချိမြို့မှာ အာဖဂန်နစ္စတန်ထဲကို ဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေရတဲ့ အမေရိကန်တပ်တွေအကြောင်း သတင်းထောက် ‘မူဒါဆာ ရှား’ (Mudassar Shah)က သတင်းပေးပို့ထားတာဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးကစီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။