ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့၏ မူဝါဒစာတမ်း ထုတ်ပြန်
သူဇာလင်း
·
May 18, 2017
အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့ရဲ့ မူဝါဒ စာတမ်း အမှတ် ( ၁-၂ ) ကို ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ မူဝါဒစာတမ်း အမှတ် ၂ မှာ ခွဲခြားဆက်ဆံမှုတွေ ကင်းဝေးရာမှ အားလုံး အလုံးစုံ ပါဝင်မှုဆီသို့ နိုင်ငံရေးစကားဝိုင်း အကြောင်းအရာများအပေါ် ကျား၊ မရေးရာ ဂျန်ဒါ ရှုထောင့်တို့ ပါဝင်ပြီး အမှတ်စဉ် ၃ မှာတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကျား၊ မ ရေးရာ သဘောထားကို ထည့်သွင်းဖော်ဆောင်ရန် လမ်းညွှန်တဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေ ပါဝင်ပါတယ်။