Home
အာရှဒေသ
အိန္ဒိယမှာ သတ်​သေမှုနှုန်း​ မြင့်​နေတဲ့​ ဘန်ဂလိုမြို့​ကြီး
DVB
·
January 18, 2012
အိန္ဒိယနိုင်ငံမှ ဘန်ဂလိုမြို့​ကြီး​ဟာ လူသတ်​သေမှု အများ​ဆုံး​ဖြစ်တယ်လို့​ အိန္ဒိယရာဇဝတ်မှု စုံစမ်း​စစ်​ဆေး​ရေး​ ဌာနရဲ့​ စာရင်း​ကိန်း​ဂဏန်း​တွေက ​ဖော်ပြလိုက်ပါတယ်။ ၂၀၁၀ ခုနှစ် တနှစ်ထဲမှာတင် လူ ၁၇၀၀ ​ကျော် သတ်​သေခဲ့​ပြီး​၊​ အိန္ဒိယရှိ မြို့​ကြီး​တွေအနက် သတ်​သေမှုနှုန်း​ အများ​ဆုံး​ပါပဲ။ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​ကလည်း​ ဘန်ဂလိုမြို့​က ​လောင်း​ကစား​သမား​တဦး​ဟာ ခရစ်ကက်ပွဲမှာ အကြီး​အကျယ် ရှုံး​ပြီး​ သူ့​ကိုယ်သူ သတ်​သေသွား​ပါတယ်။ ဒီ့​အရင် ဆရာဝန် တဦး​ကလည်း​ ​ကြွေး​ပိလို့​ သူ့​ဇနီး​ရယ်၊​ က​လေး​နှစ်​ယောက်ရယ်နဲ့​အတူ သတ်​သေခဲ့​ပါတယ်။ ကျွမ်း​ကျင်သူ​တွေ အ​ပြောအရ​တော့​ ဘန်ဂလိုမြို့​ကို အရင်း​ရှင်စီး​ပွား​ရေး​ပုံစံနဲ့​ နည်း​ပညာမြို့​တော်ကြီး​ လုပ်ပြီး​ ကတည်း​က လူ​တွေဟာ ရုပ်ဝတ္ထုပစ္စည်း​တွေနဲ့​ အ​ကြွေး​ဝယ်ယူမှု​တွေ​ကြောင့်​ ဒုက္ခ​ရောက်ပြီး​ သတ်​သေကြတာ လို့​ ​ပြောပါတယ်။ ဘန်ဂလိုမြို့​မှ သတင်း​ထောက် ‘ဂါထရီ ပါရမီစဝါရန်’ (Gayatri Parameswaran) က သတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024