Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် ယဉ်ကျေးမှုပြတိုက် တည်ဆောက်မည်
DVB
·
May 18, 2017
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ယဉ်ကျေးမှုပြတိုက် အဆောက်အဦတခု တည်ဆောက်သွား မယ်လို့ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ ကော်မတီဝင်တွေက ပြောပါတယ်။ ရှေးဟောင်းအမွေအနှစ်တွေ ထိန်းသိမ်းထားနိုင်ဖို့ အဆောက်အအုံမြေနေရာမှာ တနင်္သာရီမြို့နယ် ချောင်းကြီးရပ်ကွက် မာန်လည်လမ်းရှိ မြေနေရာမှာ ယဉ်ကျေးမှုပြတိုက်ကို ဆောက်လုပ်မှာပါ။ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက “ကျနော်တို့ တနင်္သာရီမြို့မှာ ရှေးဟောင်းပစ္စည်းတွေ တော်တော်များပါတယ်။ ဒါတွေကို ထိန်းသိမ်းဖို့အတွက် ပြတိုက်မရှိတော့ ဒီတနင်္သာရီမြို့နယ်က ထွက်ရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း အမွေအနှစ် တွေဟာ အခြား ပြည်နယ်နှင့် တိုင်းတွေကို ရောက်သွားသလို အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ နယ်စပ်မြို့ ထိုင်းနိုင်ငံကို မှောင်ခိုဈေးကွက်ထဲ ရောက်သွားတဲ့ တန်ဖိုးရှိ ရှေးဟောင်းပစ္စည်းတွေလည်း အများကြီး ရှိနေလို့ အဲ့ဒါကို ပြန်ထိန်းသိမ်းဖို့အတွက် ရည်ရွက်ချက်နဲ့ ပြတိုက်ကို တည်ဆောက်ဖို့ အထိ စိတ်ကူးရှိလာပါတယ်”လို့ ပြောပါတယ်။ တနင်္သာရီမြို့နယ်မှာ ရှေးဟောင်းပစ္စည်းတွေကို တွေ့ရှိ၊ ကောက်ရထားတဲ့ မြို့ခံတွေဟာ ပြတိုက်မရှိတဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ ထိန်းသိမ်းစောက်ရှောက်နေရပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ တစုတစည်းတည်း ထိန်းသိမ်းထားရှိဖို့နဲ့ နောင်လာ နောင်သားတွေ သမိုင်းအမွေအနှစ်တွေကို လေ့လာမှု ပြုနိုင်ဖို့ ရည်ရွယ်ပြီး ယဉ်ကျေးမှုပြတိုက်ကို တည်ဆောက်တာလို့ ဆိုပါတယ်။ ယဉ်ကျေးမှုပြတိုက် အဆောက်အအုံဟာ အလျား ပေ ၅ဝ၊ အကျယ် ပေ ၃ဝ နဲ့ အမြင့် ၁၅ ပေအရွယ် ကွန်ကရစ် တစ်ထပ် အဆောက်အအုံ ဖြစ်ပါတယ်။ တနင်္သာရီမြို့နယ် ယဉ်ကျေးမှု ပြတိုက် တည်ဆောက်ဖို့အတွက် ကျပ်သိန်း ၃၅၀ လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး အဆောက်အဦ ဖြစ်မြောက်ရေးအတွက် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်သန်းထွန်းက ကျပ် ၁ဝ သိန်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင် မိသားစုနဲ့ စေတနာရှင်တွေက မတည်အလှူငွေ ၇၅ သိန်းကျပ် မတည်ထည့်ဝင်လှူဒါန်းကြကြောင်း၊ မြိတ်အများပိုင် လုပ်ငန်းရှင်တွေနဲ့ အလှူငွေထည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ပံ့ပိုးကူညီပေးသွားမယ်လို့ မြို့နယ်ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ နာယက ဦးစိုးရီထံက ပြောပါတယ်။ သတင်းနှင့် သတင်းပုံ - ဇော်ဇော် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024