A d v e r t i s e m e n t With Us

အိန္ဒိယမှာ သတ်​သေမှုနှုန်း​ မြင့်​နေတဲ့​ ဘန်ဂလိုမြို့​ကြီး

အိန္ဒိယနိုင်ငံမှ ဘန်ဂလိုမြို့​ကြီး​ဟာ လူသတ်​သေမှု အများ​ဆုံး​ဖြစ်တယ်လို့​ အိန္ဒိယရာဇဝတ်မှု စုံစမ်း​စစ်​ဆေး​ရေး​ ဌာနရဲ့​ စာရင်း​ကိန်း​ဂဏန်း​တွေက ​ဖော်ပြလိုက်ပါတယ်။ ၂၀၁၀ ခုနှစ် တနှစ်ထဲမှာတင် လူ ၁၇၀၀ ​ကျော် သတ်​သေခဲ့​ပြီး​၊​ အိန္ဒိယရှိ မြို့​ကြီး​တွေအနက် သတ်​သေမှုနှုန်း​ အများ​ဆုံး​ပါပဲ။ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​ကလည်း​ ဘန်ဂလိုမြို့​က ​လောင်း​ကစား​သမား​တဦး​ဟာ ခရစ်ကက်ပွဲမှာ အကြီး​အကျယ် ရှုံး​ပြီး​ သူ့​ကိုယ်သူ သတ်​သေသွား​ပါတယ်။ ဒီ့​အရင် ဆရာဝန် တဦး​ကလည်း​ ​ကြွေး​ပိလို့​ သူ့​ဇနီး​ရယ်၊​ က​လေး​နှစ်​ယောက်ရယ်နဲ့​အတူ သတ်​သေခဲ့​ပါတယ်။ ကျွမ်း​ကျင်သူ​တွေ အ​ပြောအရ​တော့​ ဘန်ဂလိုမြို့​ကို အရင်း​ရှင်စီး​ပွား​ရေး​ပုံစံနဲ့​ နည်း​ပညာမြို့​တော်ကြီး​ လုပ်ပြီး​ ကတည်း​က လူ​တွေဟာ ရုပ်ဝတ္ထုပစ္စည်း​တွေနဲ့​ အ​ကြွေး​ဝယ်ယူမှု​တွေ​ကြောင့်​ ဒုက္ခ​ရောက်ပြီး​ သတ်​သေကြတာ လို့​ ​ပြောပါတယ်။ ဘန်ဂလိုမြို့​မှ သတင်း​ထောက် ‘ဂါထရီ ပါရမီစဝါရန်’ (Gayatri Parameswaran) က သတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up