A d v e r t i s e m e n t With Us

လာဘ်စားမှုဖြင့် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးဟောင်းကို ထောင်ဒဏ် ၁၈ လ ချမှတ်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်အစိုးရက ရေတပ်ဗိုလ်ချုပ်ကြီးဟောင်းတဦးကို လာဘ်စားမှုနဲ့ မေလ ၁၇ ရက်နေ့က ထောင်ဒဏ် ၁၈ လ ချမှတ်လိုက်ပါတယ်။ ထောင်ချခံရသူကတော့ အသက် ၅၆ နှစ်အရွယ်ရှိတဲ့ ရေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ရောဘတ်ဂီလ်ဘောက် ဖြစ်ပါတယ်။ သူ တာဝန်ရှိစဉ်က ကာကွယ်ရေးပစ္စည်းတွေနဲ့ ပတ်သက်ပြီး စင်ကာပူအခြေစိုက် မလေးရှားလုပ်ငန်းရှင် လီယိုနဒ်ဖရန်စစ်ထံကနေ လက်ဆောင်အများအပြား ရယူခဲ့ပါတယ်။ အဲဒီကိစ္စကို  ပြီးခဲ့တဲ့နှစ်မှာ တရားရုံးက စစ်ဆေးတဲ့အခါ ဗိုလ်ချုပ်ကြီး ဂီလ်ဘောက်က ဝန်မခံဘဲ ဖုံးကွယ်ခဲ့ပါတယ်။ လာဘ်ပေးမှုတွေကြောင့် လုပ်ငန်းရှင် ဖရန်စစ်ကို ၂၀၁၃ စက်တင်ဘာလထဲမှာ ဖမ်းဆီးပြီး ထောင်ဒဏ် ၂၅ နှစ်ကျော် ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီနောက် ဖရန်စစ်ရဲ့အမှုနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ဂီလ်ဘောက် အပါအဝင် ရေတပ် အရာရှိဟောင်းတွေနဲ့ တာဝန်ထမ်းဆဲ အရာရှိ ၂၀ ကို ရုံးတင် စစ်ဆေးနေပါတယ်။ ၁၀ ဦးက အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ကျန် ၁၀ ဦးကိုတော့ စစ်ဆေးနေဆဲဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up