Home
မြန်မာသတင်း
ဒဏ်ရာရ တောဆင်အား မြန်မာ့သစ်လုပ်ငန်းမှ ကုသစောင့်ရှောက်ပေးနေ
ပိုင်စိုး
·
May 18, 2017
ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ တောဆင်ရိုင်း ၁ ကောင် ဒဏ်ရာတွေနဲ့ တွေ့ထားတဲ့အကြောင်း သတင်းရလို့ မြန်မာ့သစ်လုပ်ငန်းက ကုသစောင့်ရှောက်ပေးခဲ့တယ်လို့ သိရပါတယ်။ မေလ ၁၀ ရက်နေ့က သပိတ်ကျင်းမြို့နယ်၊ အုန်းတကူးကျေးရွာနားမှာ တွေ့တယ်လို့ သတင်းရတာဖြစ်ပြီး သစ်တောဦးစီးဌာန၊ ရွှေဥဒေါင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ မြန်မာ့သစ်လုပ်ငန်း၊ သတ္တဗေဒဆိုင်ရာ သုတေသနနဲ့ နည်းပညာဖွံ့ဖြိုးရေးတပ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မေလ ၁၂ ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သစ်တောဦးစီးဌာန ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။ မြန်မာ့သစ်လုပ်ငန်းက ကွန်ဂျီဆင် ၃ ကောင်နဲ့ စောင့်ကြပ်ခေါ်ဆောင်ပြီး မေ့ဆေးနဲ့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပြီးတော့ ညာဘက်တင်ပါးက သစ်သားချောင်းနဲ့ တွဲလျက် သံအဆိပ်လူမြား ဒဏ်ရာနဲ့ ဒဏ်ရာ နှစ်ခု၊ ညာလက် ဒဏ်ရာတခုတို့ကို ခွဲစိတ်ကုသပေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဆင်ဟာ တောထဲကို ပြန်ပြီး လမ်းလျှောက်နိုင်ပြီလို့လည်း သိရပါတယ်။ မန္တလေးတိုင်းမှာ ၂၀၁၇ ခုနှစ် ဧပြီလမှာ တောဆင် ၁ ကောင်၊ မေလမှာ ၂ ကောင် သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း သစ်တောဦးစီးဌာနက ဖော်ပြထားပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ တောဆင်ရိုင်း ကောင်ရေ ၂ ထောင်လောက်ပဲ ကျန်တော့တယ်လို့ ခန့်မှန်းထားပါတယ်။ Photo - Forest Department
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024