အနိုင်ရအမတ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များ ကျမ်းကျိန် (ဓာတ်ပုံ)
နေဖြိုးဝင်း
·
May 18, 2017
ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရအမတ်တွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေဟာ မေလ ၁၈ ရက်နေ့မှာ ပြန်လည်စတင်တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးမှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။
အစားထိုးလဲလှယ်တဲ့ တပ်မတော်သားအမျိုးသမီး အမျိုးသားလွှတ်တော်ကိုယ် ၂ ဦး အပါအဝင် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးနဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃ ဦး စုစုပေါင်း ၁၃ ဦး ကတိသစ္စာပြု ကျမ်းကျိန်တာဖြစ်ပါတယ်။