တက္ကဆက်၊ အိုကလာဟိုးမားနှင့် ဝီလ်ကွန်ဆင်ပြည်နယ်တို့တွင် လေဆင်နှာမောင်း ဝင်မွှေ (ရုပ်သံ)

523
လေဆင်နှာမောင်းကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အိုကလားဟိုးမားပြည်နယ် အဲ့ခ်စီးတီး (Elk City) မှာလည်း အပျက်အစီး များခဲ့ပြီး အိမ်တွေ ဒါဇင်နဲ့ချီ ပျက်စီးခဲ့တယ်လို့ NBC သတင်းဌာနက ကြေညာခဲ့ပါတယ်။
တက္ကဆက်ပြည်နယ် မက္ကလင်း(Mclean)မြို့အနီးမှာ လေဆင်နှာမောင်း ဝင်ရောက်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရမှုနဲ့ ပျက်စီးမှု ကြီးကြီးမားမား မရှိဘူးလို့ သိရပါတယ်။
အဲဒီဒေသတွေမှာ လေပြင်းတွေ ပိုမိုတိုက်ခတ်ဖွယ် ရှိတယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မေလ ၁၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု တက္ကဆက်၊ အိုကလာဟိုမားနဲ့ ဝီလ်ကွန်ဆင်ပြည်နယ်တွေကို လေဆင်နှာမောင်း ဝင်ရောက်ခဲ့ပါတယ်။