လိင်တူဆက်ဆံမှု စွဲချက်ကနေ လွတ်မြောက်ခဲ့သူ အန်ဝါအီဘရာဟင် နဲ့ မလေးရှား နိုင်ငံရေး
DVB
·
January 16, 2012
မလေးရှားနိုင်ငံမှ အတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင်ကို သူ့ရဲ့ နိုင်ငံရေး လက်ထောက်အရာရှိ တယောက်နဲ့ လိင်တူဆက်ဆံတယ်လို့ စွပ်စွဲထားခဲ့တဲ့အမှုကို ယခုအပတ်မှာ ကွာလာလမ်ပူမြို့ တရားရုံးက မမှန်ကန်ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီတရားရုံးဆုံးဖြတ်ချက်က ကာယကံရှင်ကိုရော သူ့ကို ထောက်ခံသူတွေကိုပါ အံ့အားသင့်စေခဲ့ပါတယ်။ မလေးရှားအစိုးရကတော့ အန်ဝါရဲ့ အမှုအပေါ်ဆုံးဖြတ်ချက်က မလေးရှားမှာ တရားစီရင်ရေး လွတ်လပ်မှုရှိတာကို ပြသတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဝေဖန်သူတွေကတော့ မကြာခင်ကျင်းပမယ့် မလေးရှားနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲကြောင့် အန်ဝါကို လွှတ်ပေးခဲ့တာလို့ ယူဆနေကြတဲ့အကြောင်း ကွာလာလမ်ပူမှ သတင်းထောက် ကလဲရင့်ချွာ(Clarence Chua) က သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။