A d v e r t i s e m e n t With Us

ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ရှုံးနိမ့်ပါက မန်ယူအသင်း ပေါင်သန်း ၅၀ ခန့် ဆုံးရှုံးမည်

မန်ယူအသင်းအနေနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပေါင်သန်း ၅၀ လောက် ဆုံးရှုံးရဖို့ရှိနေပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်တဲ့အသင်းဟာ လာမယ့်နှစ် ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားခွင့်ရမှာပါ။ မန်ယူအသင်းအနေနဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကို ၂ နှစ်ဆက်တိုက် ၀င်ပြိုင်ခွင့်မရခဲ့ဘူးဆိုရင် မန်ယူအသင်းရဲ့ စပွန်ဆာ ဖြစ်တဲ့ Adidas ကုမ္ပဏီက ပေးထားတဲ့ စပွန်ဆာ တန်ဖိုးထဲကနေ ၃၀ ရာခိုင်နူန်း ဖြတ်တောက်မယ်လို့ သိရပါတယ်။ ဂျာမနီအခြေစိုက် Adidas အားကစားကုမ္ပဏီဟာ မန်ယူအသင်းကို ၁၀ နှစ်စာအတွက် ပေါင်သန်း ၇၅၀ ပံ့ပိုးကူညီထားတာဖြစ်ပြီး မန်ယူအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် ပေါင် ၂၁သ န်းလောက် ဆုံးရှုံးမှာဖြစ်ပါတယ်။ ဒါ့အပြင့် လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ပေါင်းသန်း ၃၀ လောက်ရရှိနိုင်တာကြောင့်  မန်ယူအသင်းအနေနဲ့ ယူရိုပါလိဂ်မှာ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ဘူးဆိုရင် ပေါင်သန်း ၅၀ လောက် ဆုံးရှုံးရဖို့ရှိနေတယ်လို့ အင်္ဂလန်အခြေစိုက် ဘီဘီစီသတင်းက ဖော်ပြပါတယ်။ မန်ယူအသင်းနဲ့ အေဂျက်ဇ်အသင်းတို့ ကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို လာမယ့်မေ ၂၅ ရက် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ကျင်းပမှာဖြစ်ပြီး မန်ယူအသင်းအနေနဲ့ လက်မှတ်ခွဲတမ်း ၉၅၀၀ ပဲ ရရှိထားတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up