Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံတက်ရန် အသင့်ရှိနေဟု မြောက်ပိုင်းတိုင်းရင်းသားအဖွဲ့များ ထုတ်ပြန်
နော်နိုရင်း
·
May 18, 2017
  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို တဖွဲ့ချင်းစီ  မဟုတ်ဘဲ ကော်မတီအနေနဲ့တက်ရောက်ဖို့ အဆင်သင့်ရှိတယ်လို့ ပြီးခဲ့တဲ့ ပန်ခမ်း ညီလာခံကနေ ဖွဲ့စည်းလိုက်တဲ့ “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီက ထုတ်ပြန်ပါတယ်။ ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ)နဲ့ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အို) အပါအ၀င်  တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၇ ဖွဲ့နဲ့ ပူးပေါင်းထားတဲ့ အဆိုပါ ကော်မတီကနေ မနေ့က  ထုတ်ပြန်လိုက်တာပါ။ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ဖို့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ဖို့လိုအပ်တဲ့အပြင် မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးကိစ္စမှာ နိုင်ငံတော် အစိုးရနဲ့ မြန်မာ့တပ်တော်အနေနဲ့  “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ’’နဲ့  အမြန်တွေ့ဆုံဆွေးနွေးဖို့လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ စတုတ္ထအကြိမ်ပန်ခမ်းညီလာခံကနေ ဖွဲ့စည်းလိုက်တဲ့ “ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ” မှာ  ရက္ခိုင့်တပ်မတော် ULA/AA, ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO/KIA, မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ MNTJP/MNDAA, ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA, ရှမ်းပြည်တိုး တက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA, ရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ PSC/NDAA နဲ့ဝပြည်သွေးစည်းညီညွတ်ရေးပါတီ  UWSP/UWSA အဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင် ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024