Home
မြန်မာသတင်း
အဖွဲ့ချုပ်နာယက သူရဦးတင်ဦး ချော်လဲသတိလစ်ပြီး အရေးပေါ်ဆေးရုံတင်ရ
ပြည့်ဘုန်းအောင်
·
May 18, 2017
  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦးဟာ မနေ့ မေလ ၁၇ရက် ည ၁၁ နာရီကျော်လောက်က သူ့ရဲ့ နေအိမ် ရေချိုးခန်းမှာ ချော်လဲထိခိုက်ဒဏ်ရာရရှိသတိလစ်သွားခဲ့ တာကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြော အထူးကြပ်မတ်ကုသဆောင်မှာ  ဆေးကုသမှုခံနေရပါတယ်။ ကနဦး ရွှေဂုံတိုင်ဆေးရုံကို တင်ပို့ခဲ့ရပြီး အဲ့ဒီကတစ်ဆင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ဦးတင်ဦးဟာ မနေ့ညကတည်းက အခု မနက် ၈ နာရီ ၂၀ မိနစ်အချိန်အထိ သတိလစ်နေခဲ့ပြီး  ၈ နာရီ မိနစ် ၄၀ မှာတော့ သတိပြန်လည်ရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ဦးခေါင်းကို ဓာတ်ပုံရိုက်ဖို့အတွက် ဦးနှောက်နဲ့ အာရုံကြော အထူးကြပ်မတ်ဆောင်ကနေ ဓာတ်မှန်ဌာနကို ခေါ်ဆောင်သွားပါတယ်။ သတင်း၊ ဓာတ်ပုံ = ပြည့်ဘုန်းအောင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024