စိန့်အက်တီယန်ကို ၂ ဂိုး ဂိုးမရှိဖြင့်နိုင်ပြီး မိုနာကို ပြင်သစ်အမှတ်ပေးချန်ပီယံဖြစ် (ရုပ်သံဟိုက်လိုက်)
Published By
DVB | 18 May, 2017
492
0
Share
0
Comment
0
Likes
ပြင်သစ်လီဂူး ၁ ပြိုင်ပွဲအဖြစ် မိုနာကိုနဲ့ စိန့်အက်တီယန်တို့ မေလ ၁၇ ရက်က ယှဉ်ပြိုင်ရာ မိုနာကိုက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ပွဲစဉ်မကုန်မီမှာပဲ အမှတ်ပေးချန်ပီယံဘွဲ့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါဟာ မိုနာကိုအသင်းအတွက် ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံဖလား ပြန်လည်ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။
အိမ်ကွင်းမှာယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ မိုနာကိုက ဘောလုံးပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဂိုးကန်သွင်းခွင့်မှာလည်း အသာစီးရခဲ့ပါတယ်။
မိုနာကိုအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၉ မိနစ်မှာ လူငယ်တိုက်စစ်မှူး အမ်ဘတ်ပီနဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ လူစားဝင်ကစားသမား ဂျာမိန်းတို့က သွင်းယူပေးခဲ့ပါတယ်။
မိုနာကိုဟာ ရာသီအပိတ် နောက်ဆုံးပွဲစဉ်တပွဲကစားဖို့ ကျန်နေတဲ့အချိန်မှာပဲ ရမှတ် ၉၂ မှတ်နဲ့ ဒုတိယနေရာက ပီအက်စ်ဂျီကို ၆ မှတ်ဖြတ်ပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ။
စိန့်အက်တီယန်ကတော့ ရမှတ် ၅၀ နဲ့ အမှတ်ပေးဇယား အဆင့် ၈ မှာ ရပ်တည်နေပါတယ်။