A d v e r t i s e m e n t With Us

၅ နိုင်ငံသို့ စေလွှတ်မည့် အထူးသံတမန်များကို တောင်ကိုရီးယားသမ္မတ တွေ့ဆုံ

တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံ အပါအဝင် ၅ နိုင်ငံကို စေလွှတ်မယ့် အထူးသံတမန်တွေကို မေလ ၁၆ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ အဲဒီ အထူးသံတမန်တွေကို အမေရိကန်၊ တရုတ်၊ ဂျပန်၊ ရုရှားနဲ့ ဂျာမနီနိုင်ငံတွေကို စေလွှတ်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က မြောက်ကိုရီးယားဟာ ဒုံးကျည်စမ်းသပ် ပစ်ခတ်တာကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှု မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားဟာ အခုလို ပိုမိုခိုင်မာတဲ့ သံတမန်ဆက်ဆံရေးတွေ ထူထောင်တာဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းက “ကျနော်တို့ဟာ မြောက်ကိုရီးယား ပြုလုပ်နေတဲ့ ကျူးကျော်ရန်စမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုပိုင်းရော နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ နည်းလမ်းတွေကိုပါ ဆွေးနွေးခဲ့ကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ သမ္မတ မွန်းဂျဲအင်းက “သံတမန်စေလွှတ်တာက သံတမန်ဆက်ဆံရေး အစပြုတာ ဖြစ်ပါတယ်။ လစ်ဟာနေတဲ့ သံတမန်ကွက်လပ်ကို ဖြည့်ဆည်းတာဖြစ်ပါတယ်” လို့လည်း  ပြောကြားခဲ့ပါတယ်။ အဲဒီ အထူးသံတမန်တွေထဲမှာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ သံအမတ်ကြီးဟောင်း ဟောင်ဆုန့်ဟွန်းလည်း ပါဝင်ပါတယ်။ သူဟာ အဆင့်မြင့်အရာရှိကြီးတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး တောင်ကိုရီးယား အစိုးရသစ်ရဲ့ မူဝါဒတွေကို ရှင်းပြမှာဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့ အမြင်ချင်း ဖလှယ်ကြမှာဖြစ်ကြောင်း သမ္မတအိမ်တော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up