ရခ်ဘန်ဒုက္ခသည်စခန်းတွင် ကားဗုံးခွဲမှု ၂ ခု ရုပ်သံ ပျံ့နှံ့ (ရုပ်သံ)

668
ရခ်ဘန်ဒုက္ခသည်စခန်းတွင် ကားဗုံးခွဲမှု ၂...
ဆီးရီးယားနဲ့ ဂျော်ဒန်နယ်စပ်မှာရှိတဲ့ ရခ်ဘန် ဒုက္ခသည်စခန်းမှာ ကားဗုံးကွဲမှုနှစ်ခု ဖြစ်ခဲ့တာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။
ကားဗုံးကွဲမှုတွေအတွင်း အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး တော်တော်များများလည်း ဒဏ်ရာရခဲ့တယ်လို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေက မေ ၁၅ ရက်နေ့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ စစ်သွေးကြွအဖွဲ့က သူတို့လက်ချက်လို့ ကြေညာပါတယ်။
အိုင်အက်စ်အဖွဲ့ရဲ့ အာဘော်တွေကို ဖော်ပြတဲ့ အာမက် သတင်းအေဂျင်စီက ဒီသတင်းကို အတည်ပြုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းကလည်း ဒီဒုက္ခသည်စခန်းမှာပဲ အိုင်အက်စ်အဖွဲ့က ကားဗုံးခွဲခဲ့လို့ လူအတော်များများ သေဆုံးခဲ့ပါသေးတယ်။
ဒီနယ်မြေဟာ ဆီးရီးယားသူပုန်အဖွဲ့နဲ့ အိုင်အက်စ်အဖွဲ့တို့ နယ်မြေလု တိုက်ခိုက်နေတဲ့နေရာ ဖြစ်ပါတယ်။
ရခ်ဘန် ဒုက္ခသည်စခန်းဟာ ဆီးရီးယား၊ အီရတ်နဲ့ ဂျော်ဒန် သုံးနိုင်ငံနယ်ခြားမှာ တည်ရှိပြီး ဒုက္ခသည်တွေသာမက ဆီးရီးယားသမ္မတ အာဆတ်ကို တော်လှန်နေတဲ့ ဆီးရီးယားသူပုန်တွေရဲ့ နယ်မြေလည်း ဖြစ်ပါတယ်။