မူဆယ် ကမ္ဘောဇဘဏ်ခွဲမီးလောင် (ဓာတ်ပုံ)
DVB
·
May 17, 2017
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ ဒေါ်နန်းခေါင်နေအိမ်မှာ မေလ ၁၇ ရက် မနက်၂ နာရီ ၄၅ မိနစ်က ရေခဲသေတ္တာ မီးအားမြှင့်စက်အပူလွန်လောင်ကျွမ်းမှုကြောင့် မီးလောင်ကျွမ်းခဲ့ပြီး တခြမ်းငှားထားသတဲ့ ကမ္ဘောဇဘဏ်ခွဲကိုပါ မီးလောင်ကျွမ်းခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် နေမကောင်းဖြစ်နေတဲ့ ဒုသမ္မတဟောင်း စိုင်းမောက်ခမ်းရဲ့ အစ်မဖြစ်သူ အိမ်ရှင် ဒေါ်နန်းခေါင် ၇၆ နှစ်နဲ့ တူမဖြစ်သူ ဒေါ်နန်းရွှေဌေး ၅၂ နှစ်တို့ မီးခိုးတွေကြောင့် အသက်ရှုမွန်းပြီး သေဆုံးသွားခဲ့ပါတယ်။
မီးသတ်အင်အား ၁၅၀၊ မီးသတ်ယာဉ် ၁၅ စီးနဲ့ ငြှိမ်းသတ်ခဲ့ရာ မနက် ၃ နာရီမှာ မီးလုံးဝငြိမ်းသွားခဲ့ပါတယ်။
သေဆုံးသူ အိမ်ရှင်ဒေါ်နန်းခေါင်ကို မူဆယ်မမစ(ပ)၁၇၃/၂၀၁၇၊ ပြစ်မှုပုဒ်မ-၂၈၅ နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။