Home
မြန်မာသတင်း
စားသုံးသူရေးရာဦးစီးဌာနက ဌာနဆိုင်ရာများ၏ လုပ်ထုံးလုပ်နည်းဥပဒေများကို ရှင်းလင်းဆွေးနွေး
Aung Ko Latt
·
May 17, 2017
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာတွေရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေကို လုပ်ငန်းရှင်တွေ သိရှိပြီး လုပ်ငန်းအဆင်ပြေ ချောမွေ့လာစေဖို့ ရည်ရွယ်ပြီး စားသုံးသူရေးရာ ဦးစီးဌာနက အလုပ်ရုံဆွေးနွေးပွဲတခုကို မေ ၁၆ ရက်နေ့က မုံရွာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ “အဓိကရည်ရွယ်ချက်ကတော့ ကုန်ထုတ်မြှင့်တင်ရေးအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ သိစေချင်တဲ့ ရည်ရွယ်ချက်ရယ်၊ ဌာနဆိုင်ရာတွေရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို လုပ်ငန်းရှင်တွေ သိစေချင်တဲ့ ရည်ရွယ်ချက်ရယ်ပေါ့။ ဒါမှ ဥပဒေနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာတွေရဲ့ လုပ်ငန်းတာဝန်တွေကို သိရှိနားလည်ပြီး ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ ဖြေလျော့မှုတွေ၊ ဥပဒေတွေ သိတဲ့အခါ လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့လာမှာ ဖြစ်ပါတယ်”လို့ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းပန်းဖြူက ဒီဗွီဘီကို ပြောပါတယ်။ ဒီဆွေးနွေးပွဲမှာ စည်ပင်က စည်ပင်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေ၊ ပြည်တွင်း အခွန်ကလည်း အခွန်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို ရှင်းလင်းတင်ပြခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနဆိုင်ရာကလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အကြောင်းကို အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကုန်ထုတ်လုပ်ငန်းရှင်တွေ၊ ဌာနဆိုင်ရာတွေ တက်ရောက်ခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးမေးမြန်းတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ ဒီလို ဆွေးနွေးပွဲတွေကို မကြာခဏ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024