A d v e r t i s e m e n t With Us

ကားတိုက်ခံရသော်လည်း ဘီးနှစ်ခုကြားရောက်ပြီး ကံကောင်းခဲ့သည့် ကလေးငယ် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကျီကျစ်ဟောင်ပြည်နယ်မှာ မေလ ၁၂ ရက်နေ့က   မိန်းကလေးတဦး ကားတိုက်ခံရပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ စီစီတီဗွီကင်မရာမှာ မြင်တွေ့ရတာကတော့ အဝါရောင်ဝတ်ဆင်ထားတဲ့ မိန်းကလေးတဦးဟာ အစ်ကိုဖြစ်သူနောက် ပြေးလိုက်ရင်း လမ်းဖြတ်ကူးရာမှ ကားတိုက်ခံခဲ့ရတာပါ။ အဲဒီကလေးငယ်ဟာ ကားအောက်ရောက်သွားပေမယ့် ကားဘီးနှစ်ခုကြား လွတ်ကင်းတဲ့နေရာကို ရောက်သွားတာကြောင့် သွားမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up