Home
မြန်မာသတင်း
ကော့သောင်းမြို့ ဘန်းကချွန်ကျေးရွာတွင် မီးလောင်
DVB
·
May 17, 2017
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာမှာ ဒီကနေ့ မနက်ပိုင်းက မီးလောင်မှုတခု ဖြစ်ပွားခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူးဦးစီးအရာရှိ ဦးဖြိုးမင်းဇော်က ပြောပါတယ်။ ဦးကျော်စိုး ပိုင်ဆိုင်တဲ့ ကွမ်းသီးအခြောက်ခံရုံမှာ ဦးတင်ထွန်း ဆိုသူက ထင်းမီးနဲ့ အပူပေး အခြောက်ခံရာ အပူရှိန်လွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။ မီးလောင်မှု ဖြစ်ပွားနေစဉ်မှာ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းငြှိမ်းသတ်ကြပြီး ၁၅ မိနစ်အကြာမှာ မီးငြိမ်းခဲ့ပါတယ်။ ကွမ်းသီး ပိဿာ ၅၀ နဲ့ အုပ်ကြွပ်အမိုး အနည်းငယ်ပျက်စီးသွားပြီး ဆုံးရှုံးမှုတန်ဖိုး ၁၈၀၀၀၀ ကျပ်လောက် ရှိတယ်လို့ ဆိုပါတယ်။ ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက မီးကို ပေါ့ဆစွာ အသုံးပြုသူ ဦးတင်ထွန်းကို မီးကို ပေါ့ဆစွာ အသုံးပြုမှု ပြစ်မှုဥပဒေပုဒ်မ (၂၈၅)/(ပ)-၇၀၃ နဲ့ အရေးယူထားပါတယ်။ သတင်း - လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024