သားအဖ အရက်အတူသောက်ရင်း တူမီးသေနတ်ပေါက်ထွက်၊ သားဖြစ်သူ သေဆုံး
DVB
·
May 16, 2017
မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာ ရာဘာခြံတခုမှာ မနေ့ညက ရာဘာစေး ခြစ်လုပ်သား သားအဖ ၂ ဦး အရက်အတူသောက်ကြရာက သေနတ်ကျည်ပေါက်ထွက်လို့ သား သေဆုံးခဲ့တယ်လို့ ရေးမြို့မရဲစခန်းက ပြောပါတယ်။
ရာဘာအစေးခြစ်လုပ်သား ဦးအပိုနဲ့သား ဦးမြင့်အောင်တို့ အရက်အတူသောက်ရင်း ည ၇ နာရီလောက်မှာ ဖခင် ဦးအပိုက တဲထဲမှာရှိနေတဲ့ တောပုန်းတူမီးသေနတ်ကို ကိုင်ဆောင်လာတဲ့ အတွက် သားဖြစ်သူက မကိုင်ဖို့ပြောရင်း သေနတ်ပြောင်းကိုဆွဲလုရာမှာ သေနတ်ပေါက်ထွက်တာ ကြောင့် ဦးမြင့်အောင်ရဲ့ ဝဲဘက်မောင်းနဲ့ ဝဲနံကြားထိမှန် သတိလစ်မေ့မျောနေစဉ် ဦးအပိုမှ ထွက်ပြေးသွားခဲ့တယ်လို့ ရေးမြို့မရဲစခန်းက ရဲအရာရှိတဦးက ပြောပါတယ်။
ဦးမြင့်အောင်ကို ရေးမြို့ ဆေးရုံကြီးမှာ ပို့ဆောင်ကုသပေးခဲ့ပေမယ့် ဒီကနေ့ မနက် ၅ နာရီခွဲမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ရေးမြို့မ ရဲစခန်းက ဦးအပိုကို ရာဇသတ်ကြီးပုဒ်မ ၃၀၄ လူသေမှုအရ အမှုဖွင့်ရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - နေမျိုးထွဋ်(ရေး)