Home
မေးမြန်းခန်း
မြန်မာပြည်တခုလုံး​မှာ ချင်း​ပြည်နယ်က အခက်အခဲဆုံး​၊​ အဆင်း​ရဲဆုံး​ ​ဒေသပဲ
အေးနိုင်
·
February 1, 2012
ချင်း​ပြည်နယ်ရဲ့​ လျှပ်စစ်မီး​ရရှိမှုဟာ မြို့​တော် ဟား​ခါး​မှာ​တောင် သုံး​ရက်ခြား​တကြိမ် မီး​လာပြီး​ တကြိမ်လာရင် ၃ နာရီပဲ ရရှိတဲ့​အတွက် လျှပ်စစ်မီး​ကို အမှီပြုတဲ့​ လုပ်ငန်း​တွေ အခက်အခဲ ဖြစ်​နေပါတယ်။ ဒီအ​ကြောင်း​အပါအဝင် ချင်း​ပြည်နယ်သား​တွေရဲ့​ အ​ခြေအ​နေကို ဟား​ခါး​မြို့​မှာ ​နေထိုင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ချင်း​ပြည်နယ် ဥက္ကဋ္ဌ ဦး​ဗန်လျန်း​ကို ​မေး​ထား​ပါတယ်။ [caption id="attachment_20687" align="alignright" width="300" caption="ချင်းပြည်နယ် ကန်ပက်လက်မြို့​"][/caption] ကျန်တဲ့​နေရာ​တွေမှာ​တော့​ လျှပ်စစ်မီး​မရတာ​တွေ အသံ​တွေထွက်တယ်။ လုပ်အား​ပေး​ ခိုင်း​စေတာ​တွေလည်း​ အသံထွက်တယ်။ ချင်း​ပြည်နယ်မှာ​ကော။ “ချင်း​ပြည်နယ်မှာလည်း​ ထိုနည်း​လည်း​ကောင်း​ပဲ။” ချင်း​ပြည်နယ် ဟား​ခါး​မြို့​ပေါ်မှာ တ​နေ့​ကို ဘယ်နှနာရီ မီး​လာလဲ။ “၆ နာရီခွဲက​နေ ၉ နာရီခွဲထိပဲ​ပေး​တယ်။ ၂ ည ခြား​ပေး​တယ်။ သုံး​နာရီ​လောက် လာတယ်။ ​နောက်ဌာနဆိုင်ရာ​တွေက ဒီက​နေ ကွန်ပျူတာသုံး​တဲ့​သူ​တွေဆီကလည်း​ အချိန်မှန်မီး​မရလို့​ ရုံး​လုပ်ငန်း​တွေလည်း​ အကုန်လုံး​ထိခိုက်တယ်။” လျှပ်စစ်မီး​ကို အမှီပြုတဲ့​လုပ်ငန်း​တွေ ဘာ​တွေ​ခေတ်​နောက်ကျ​နေလဲ။ “​ခေတ်​နောက်ကျတယ်ဆိုတာ အခုကွန်ပျုတာ သုံး​တဲ့​လူ​တွေ၊​ ကွန်ပျူတာနဲ့​ အလုပ်လုပ်တဲ့​ လူ​တွေ ထိခိုက်ကြတယ်။” ဦး​တို့​ ဟား​ခါး​မှာက အင်တာနက်ဆိုင် ဘယ်နှဆိုင်​လောက် ရှိလဲ။ “အင်တာနက်ဆိုင် ၂ဝ​ကျော်​လောက်ရှိမယ်ထင်တယ်။ သိပ်​တော့​ မ​ရေတွက်မိဘူး​။” အဲဒါ​တွေက တ​နေကုန် ဘယ်မီး​တွေနဲ့​ သုံး​နေကြလဲ။ “သူတို့​ အင်ဂျင်​ထောင်ပြီး​တော့​ပဲ လုပ်​နေကြတယ်။” ပန်း​ပဲဖို​တွေ ဘာ​တွေ​ကော ကျန်တဲ့​လက်မှုလုပ်ငန်း​၊​ စက်မှုလုပ်ငန်း​တွေ​ကော ဘာ​တွေကြုံရလဲ။ “ပန်း​ပဲဖို​တွေက​တော့​ မီး​သွေး​နဲ့​လုပ်​တော့​ မီး​နဲ့​လုပ်တဲ့​သူ မရှိဘူး​။ မီး​သွေး​နဲ့​ပဲလုပ်ကြတယ်။” ဒီဟာနဲ့​ပတ်သက်ပြီး​တော့​ ချင်း​ပြည်နယ် လွှတ်​တော်ကိုယ်စား​လှယ်​တွေက လွှတ်​တော်မှာ မ​တောင်း​ဆိုကြဘူး​လား​။ “လွှတ်​တော်မှာ သူတို့​တောင်း​ဆိုတယ်။ ​နောက် မဟာဓာတ်အား​လိုင်း​ ဝင်တဲ့​အခါကျရင် ​နေ့​ရောညပါ ​ပေး​မယ်ဆိုပြီး​ ဒါပဲ​ဖြေတယ်။ မဟာဓာတ်အား​လိုင်း​ကလည်း​ လာမယ်ဆိုပြီး​တော့​ ဘယ်​တော့​လာမလဲဆိုတာ စီမံကိန်း​က အတိအကျ မရှိဘူး​။ သူတို့​လုပ်နိုင်တဲ့​ပေါ်မှာပဲ မူတည်မယ်လို့​ပြောတယ်။” ရခိုင်ပြည်နယ်နဲ့​ ချင်း​ပြည်နယ်က လျှပ်စစ်မီး​နဲ့​ ပတ်သက်ရင် ​တော်​တော်​လေး​ကို ​ခေတ်​နောက်ကျ​နေတယ်။ “ရခိုင်နဲ့​ ချင်း​က​တော့​ အခက်အခဲဆုံး​ ​ဒေသဖြစ်​နေတယ်။” ရခိုင်မှာ​တော့​ မီတာတယူနစ်ကို ၄၀၀ က​နေ ၅၀၀ ကြား​ပေါ့​။ အဲ့​လောက်ရှိ​နေတယ်။ ချင်း​ပြည်နယ်ဘက်မှာ​ကော မီတာတယူနစ်က ဘယ်​လောက်​ဈေး​ရှိ​နေလဲ။ “မီတာတယူနစ်ကို အခု ဟား​ခါး​မှာ ၃၅ ကျပ်၊​ အပြင်ကမီး​တွေ၊​ ရပ်ကွက်မီး​တွေက​တော့​ ​တော်​တော်ကို ဆီဖိုး​နဲ့​ ဘာဖိုး​နဲ့​ ကာမိ​အောင်ဆိုပြီး​ သူတို့​သင့်​တော်သလိုပဲ ​ကောက်​နေကြတယ်။ သတ်မှတ်ချက်မရှိဘူး​။ မီး​ကပျက်တာမရှိဘူး​။ ​လေး​ ငါး​ ဆယ်အိမ် တွဲပြီး​တော့​ မီး​စက်​ထောင်ပြီး​တော့​ ​ပေး​တာပဲရှိတယ်။” ကျောင်း​ ပညာ​ရေး​တွေ၊​ ကျန်း​မာ​ရေး​တွေ​ကော ဘာ​တွေထူး​လဲ။ “ကျန်း​မာ​ရေး​တွေက​တော့​ အခု ဟား​ခါး​မှာ စက်ယန္တရား​တွေ မရှိတဲ့​အခါကျ​တော့​ တချို့​လူနာ​တွေက ဖလမ်း​မှာပဲ ​ဒေသခံ​တွေ ဘာ​တွေ တွဲရိုက်ခိုင်း​တယ်။ ဟား​ခါး​မှာ ဓာတ်မှန်​တွေ မ​ကောင်း​ဘူး​ဆိုပြီး​ ဖလမ်း​ဘက်ကိုပဲ ပို့​ပြီး​တော့​ လူနာ​တွေကိုပို့​ပြီး​ ဓာတ်မှန်ရိုက်ခိုင်း​တာ ၂လ​ကျော်ရှိပြီ။ အဲလိုသူတို့​ပြောတယ်။ အဲဒါ ကျ​နော့်​ဆီမှာလည်း​ ခရစ်ယာန်ဘုန်း​တော်ကြီး​တပါး​က သတင်း​လောကကို ​ပြောရင်​ကောင်း​မလား​ဆိုပြီး​ ​ပြော​တော့​ ကျ​နော်တို့​က ဒီမှာလာပြီး​ ပြည်နယ်ဝန်ကြီး​ချုပ် ရုံး​စိုက်ရာမြို့​၊​ ပြည်နယ်ကျန်း​မာ​ရေး​မှူး​ ရုံး​စိုက်ရာမြို့​ပဲ၊​ အဲဒါ​ကြောင့်​မို့​လို့​ ကိုယ့်​ပြည်နယ် ကျန်း​မာ​ရေး​မှူး​တို့​ မြို့​နယ်​ဆေး​ရုံအုပ်တို့​ ဘာတို့​ကို ဆက်သွယ်ကြပါဦး​။ တခါတည်း​နဲ့​ သတင်း​လွှင့်​တာက ​တော်​တော်ကို မ​ကောင်း​ကြောင်း​ ​ပြောသလိုများ​ ဖြစ်​နေမလား​လို့​၊​ အဲဒါ​ကြောင့်​မို့​ ဒါက နိုင်ငံ​ရေး​ပိုင်း​ မဟုတ်​တော့​ လက်ရှိအ​ခြေအ​နေက​တော့​ ခင်များ​တို့​ သက်ဆိုင်ရာကိုပဲ ​ပြောရင်​ကောင်း​မယ်ဆိုပြီး​ ​ပြောလိုက်တယ်။ သူတို့​က ဒီကုတင် ၂၀၀ ​ဆေး​ရုံ ရှိပြီး​မှ ဓာတ်မှန်ရိုက်တာ ဖလမ်း​မှာ တွဲရိုက်ခိုင်း​တာ​တော့​ နည်း​နည်း​ သိပ်မ​ကောင်း​ဘူး​။ သိပ်ချွတ်ခြုံကျတယ်။ ဖလမ်း​လည်း​ ​နေ့​ချင်း​ပြန် သွား​မရဘူး​။ ညအိပ်သွား​ရတယ်။ အဲဒါ​ကြောင့်​မို့​ ဒီကိစ္စက ဘယ်လိုလုပ်မလဲဆို​တော့​ ခင်များ​တို့​ သက်ဆိုင်ရာ ဝန်ကြီး​ဆီကိုပဲ ချဉ်း​ကပ်​ပြောကြပါဦး​။ ဝန်ကြီး​ကိုယ်တိုင်က မလုပ်နိုင်​တော့​မှ သတင်း​လောကတို့​ ဘာတို့​ပြောတာ​ကောင်း​တယ်ဆိုပြီး​ အဲလို​ပြော​သေး​တယ်။ ဓာတ်မှန်မ​ကောင်း​လို့​ ဖလမ်း​မှာပဲ ရိုက်တယ်ဆိုတာ လူနာ​တွေအတွက် ​တော်​တော်ခက်တယ်။” ကျ​နော်ကြား​တယ်၊​ ချင်း​ပြည်နယ်မှာ စား​ရေး​သောက်​ရေး​ ခက်ခဲတယ်။ ကြွက်​တွေဖျက်တယ်။ ဝါး​သီး​စား​တယ် စသည်ဖြင့်​ အဲဒါဦး​တို့​ ဘယ်​လောက်ထိ​အောင် သိလဲ။ “အခု​တော့​ ကြွက်စား​တာ​တော့​ မရှိ​တော့​ဘူး​။ အရင်နှစ်တုန်း​က​တော့​ စား​တယ်။ ဒီနှစ်ကစပြီး​တော့​ အဲဒီပြဿနာ​တော့​ သိပ်မရှိ​တော့​ဘူး​။ ကြွက်စား​လို့​ ၂၀၁၁မှာ အန်အယ်လ်ဒီက ကန်ပက်လက်၊​ ဟား​ခါး​မှာ ​ကျေး​ရွာ ၂ခု၊​ ကျ​နော်တို့​ရယ် ပံ့​ပိုး​ပေး​သေး​တယ်။ အခု​တော့​ အဲဒီကြွက်ပြဿနာက သိပ်မကြား​ရ​တော့​ဘူး​။” လျှပ်စစ်မီး​ရရှိမှုအ​ပေါ်မှာ ကျန်တဲ့​တိုင်း​နဲ့​ပြည်နယ်​တွေမှာ တယူနစ်ကို ၂၅ ကျပ်၊​ ၃ဝကျပ်၊​ အခု ချင်း​ပြည်နယ်မှာ ​အောက်ကျ​နောက်ကျ ဖြစ်​နေရတဲ့​ အ​ပေါ်မှာ ဦး​အ​နေနဲ့​ ဟား​ခါး​ဒေသခံတဦး​အ​နေနဲ့​ ဘာ​ပြောချင်လဲ။ နိုင်ငံ​တော် အစိုး​ရသိ​အောင်​ပေါ့​။ “​အောက်ကျ ​နောက်ကျ ဖြစ်တာက​တော့​ မြန်မာပြည် တခုလုံး​မှာ ချင်း​ပြည်နယ်က အခက်အခဲဆုံး​ အဆင်း​ရဲဆုံး​ဒေသပဲ၊​ အဲဒါ​ကြောင့်​မို့​ ကျ​နော်တို့​က​တော့​ ပြည်မ​ဒေသ၊​ တခြား​တိုင်း​နဲ့​ ပြည်နယ်​တွေနဲ့​ တန်း​တူညီတူ လုပ်ယူလည်း​ ကျ​နော်တို့​မရဘူး​။ အထူး​ဦး​စား​ပေး​ ​ဆောင်ရွက်​ပေး​မှပဲ ရမယ်။ ဒါမဖွံ့​ဖြိုး​သေး​တဲ့​ ​ဒေသကို အထူး​ဦး​စား​ပေး​ မလုပ်ဘဲနဲ့​ တန်း​တူညီတူလုပ်ရင်​တော့​ ဘယ်​တော့​မှ မတူနိုင်ဘူး​။ ကွာမြဲအတိုင်း​ပဲ ကွာမှာပဲ။ အဲဒါ​ကြောင့်​မို့​ ကျ​နော်တို့​က အ​ကျော​ပေး​ဖို့​လိုတယ်။ ​ဂေါက်သီး​ရိုက်ရင်လည်း​ ရိုက်ကာစလူကို အ​ကျော​ပေး​တယ်။ အဲဒါ​ကြောင့်​မို့​လို့​ ကျ​နော်တို့​က အခြား​သော တိုင်း​နဲ့​ပြည်နယ်ထက် အများ​ကြီး​ နိမ့်​ကျ​နေတဲ့​အခါကျ​တော့​ ကျ​နော်တို့​ကို အ​ကျော​ပေး​ပြီး​တော့​ အထူး​စီမံ​ပေး​ပြီး​တော့​ လုပ်​ပေး​မှပဲရမယ်။ အဲဒါ​ကြောင့်​မို့​လို့​ ပြည်​ထောင်စုအစိုး​ရ​တွေနဲ့​ ချင်း​ပြည်နယ်ကို အထူး​နယ်​မြေဆိုပြီး​ သတ်မှတ်​ပေး​ပြီး​ ဖွံ့​ဖြိုး​အောင်လုပ်​ပေး​မှပဲ ကျ​နော်တို့​ သူများ​တွေကို မီနိုင်မယ်။ သူများ​တွေကိုမီပြီး​မှ ထပ်တူလုပ်ရင် ကိစ္စမရှိ​တော့​ဘူး​။ သူများ​တွေကို မမီရင်​တော့​ အထူး​ဦး​စား​ပေး​လုပ်​ပေး​ဖို့​ လိုတယ်။ အထူး​ပြုစုတဲ့​ အခန်း​ထဲမှာ လူနာကို အသည်း​အသန်လူနာကို ကုသသလို​ပေါ့​။ ကျ​နော်တို့​ကို အထူး​လုပ်​ပေး​ဖို့​လိုတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024