A d v e r t i s e m e n t With Us

လာမည့်နှစ်တွင် ဆုဖလားရရှိရန် ကြိုးစားသွားမည်ဟု မန်စီးတီးနည်းပြ ပြော

ဓာတ်ပုံ - ရိုက်တာ
မန်စီးတီးအသင်းအနေနဲ့ ဒီနှစ်ရာသီမှာ ဆုဖလားတလုံးမှ ရယူနိုင်ခြင်းမရှိပေမယ့် ဒုတိယအကြိမ် အခွင့်အရေးပေးထားတဲ့အတွက် လာမယ့်နှစ်မှာ ဆုဖလားတွေရရှိအောင် ကြိုးစားသွားမယ်လို့ နည်းပြ ဂွါဒီယိုလာက ဆိုပါတယ်။ မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ဆုဖလားတလုံးမှ ရယူနိုင်ခြင်းမရှိဘဲ ဂွါဒီယိုလာရဲ့ နည်းပြဘဝမှာ ပထမဆုံးအကြိမ် ဆုဖလားတလုံးမှ မရတဲ့နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ ဒီနှစ်ဘောလုံးရာသီမှာ မန်စီးတီးအသင်းရဲ့ ရလဒ်တွေအတိုင်း ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ ဖြစ်ခဲ့မယ်ဆိုရင် နည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ ဂွါဒီယိုလာက ဝန်ခံပြောကြားလိုက်ပါတယ်။ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေမှာဆိုရင် ၆ လလောက် ကိုင်တွယ်အပြီး ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခြင်း မရှိဘူးဆိုရင် အခွင့်အရေး နောက်တကြိမ်ပေးမှာမဟုတ်ဘဲ ရာထူးကနေ ထုတ်ပယ်ခံရမှာဖြစ်တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။ စပိန်နည်းပြ ဂွါဒီယိုလာဟာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကို ၇ နှစ် ကိုင်တွယ်ခဲ့ပြီး ဆုဖလားစုစုပေါင်း ၂၁ လုံးရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up