A d v e r t i s e m e n t With Us

ဟမ်ဘာဂါစားရင်း ပေပေါင်းရာချီအမြင့်မှ စွန့်စားလေထီးခုန်ချပြခဲ့သည့် လူငယ် (ရုပ်သံ)

စွန့်စားလေထီးအမြင့်ခုန်သမား လူငယ်တဦးဟာ နေ့လယ်စာအဖြစ် ဟမ်ဘာဂါတလုံးကို စားနေရင်း အမြင့်ကနေ ခုန်ချခဲ့တဲ့အဖြစ်ဟာ တကယ့်ကို အံ့သြစရာ ကောင်းပါတယ်။ ကွမ်တင်လူကွန် အမည်ရတဲ့ အဲဒီလူငယ်ဟာ အောက်ခြေမြေပြင်ဆီရောက်ဖို့ ပေပေါင်းရာနဲ့ချီရှိတဲ့ ဆွစ်စ်တောင်တန်းတခုပေါ်ကနေ ခုလို စွန့်စား ခုန်ချပြခဲ့တာပါ။ ဆွစ်ဇာလန်နိုင်ငံသားတဦးဖြစ်တဲ့ ကွမ်တင်ဟာ ခုလို စွန့်စားအမြင့်ခုန်လှုပ်ရှားမှုပေါင်း အကြိမ်ရေ ၃၅၀ ထက်မနည်း လုပ်ခဲ့ပြီးဖြစ်ကာ ဒီတကြိမ်မှာတော့ သူငယ်ချင်းဖြစ်သူ ဖရန်ကီနဲ့  တောင်စောင်းကနေ ဘာဂါစားရင်း ခုန်ချဖို့ တိုင်ပင်ပြီး လုပ်ဆောင်ခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သူဟာ ခုန်ချဖို့ ပြင်ဆင်နေချိန်မှာ ဟမ်ဘာဂါတလုံးကို ကိုက်စားနေခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက်တော့ သူဟာ ဘာဂါကို စားလို့မပြီးသေးခင်မှာပဲ ကိုက်လျက်သား အခြေအနေနဲ့ အောက်ကို ခုန်ချခဲ့တာပါ။ ခုန်ဆင်းလိုက်တဲ့အရှိန်နဲ့ သွားနေခဲ့ပြီး မကြာခင်မှာတော့ လေထီးကိုဖွင့်ဖို့ လက် ၂ ဘက်ကို ဆန့်တန်းခဲ့ချိန်မှာ ဘာဂါရဲ့အပေါ်ပိုင်း ပေါင်မုန့်ပြားတခြမ်းဟာ လွင့်စင်သွားခဲ့ပြီးနောက် မကြာခင်မှာပဲ အထဲက အသားပြားဟာလည်း လွင့်ထွက်သွားခဲ့ပါတယ်။ လေထီးပွင့်သွားခဲ့ပြီးနောက်မှာတော့ ကွမ်တင်ဟာ ဟန်ချက်ညီအောင် ထိန်းနိုင်ခဲ့ပြီး ဘာဂါကို လက်တဘက်ကနေ ကိုင်ကာ စားပြပြီးနောက်မှာတော့ မြေပြင်ဆီ ချောချောမောမော ဆင်းသက်နိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up