ကွန်ပျူတာဗိုင်းရပ်စ် တိုက်ခိုက်မှုကြောင့် တရုတ်ဓာတ်ငွေ့ဆိုင်များ အွန်လိုင်းငွေပေးချေမှု ရပ်တန့်

ဓာတ်ပုံ - ရိုက်တာ
တရုတ်နိုင်ငံရဲ့ အကြီးဆုံး ရေနံနဲ့ ဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးသူ တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (စီအန်ပီစီ) ပိုင် ဓာတ်ငွေ့ဆိုင်တွေကို "WannaCry" လို့ နာမည်ပေးထားတဲ့ ကွန်ပျူတာ ဗိုင်းရပ်စ်တမျိုး တိုက်ခိုက်ခဲ့လို့ အွန်လိုင်းကနေ ငွေပေးချေတဲ့ ဝန်ဆောင်မှုတွေ ရပ်တန့်ခဲ့ပါတယ်။ ဆိုင်တချို့ တိုက်ခိုက်ခံရအပြီး ၂ နာရီအကြာ မေလ ၁၃ ရက် မနက်တနာရီကစပြီး စီအန်ပီစီက တရုတ်နိုင်ငံတလွှားမှာရှိတဲ့ သူ့ဓာတ်ငွေ့ဆိုင်အားလုံးကို အင်တာနက် ဖြတ်တောက်ခဲ့ပါတယ်။ မေလ ၁၄ ရက် မွန်းတည့်ချိန်မှာ စီအန်ပီစီ ဓာတ်ငွေ့ဆိုင် ၈၀ ရာခိုင်နှုန်းကျော်ဟာ ဘေးကင်းတဲ့ အင်တာနက်လိုင်းတွေ ပြန်ဆက်သွယ်နိုင်ခဲ့ပါတယ်။ ကမ္ဘာတလွှား နိုင်ငံပေါင်း ၇၄ နိုင်ငံမှာ မေလ ၁၂ ရက်နေ့က စပြီး ransomware အမျိုးအစား ကွန်ပျူတာဗိုင်းရပ်စ်က အကြိမ်ရေ လေးသောင်းခွဲကျော် တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံပေါင်းစုံပါဝင်တဲ့ ဆိုက်ဘာလုံခြုံရေးဌာနချုပ် ကက်စ်ပါစကီ Lab က မှတ်တမ်းတင်ခဲ့ပါတယ်။ "WannaCry" ransomware အမျိုးအစား ကွန်ပျူတာဗိုင်းရပ်စ်ဟာ ဆိက်ဘာတိုက်ခိုက်ခံရသူက ဘစ်ကွိုင်လို့ခေါ်တဲ့ ငွေကြေးပုံစံတမျိုးနဲ့ သူတို့စနစ်ထဲကို ငွေလွှဲမပေးမချင်း ကွန်ပျူတာကို သုံးလို့မရအောင် လုပ်ထားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကမ္ဘာတလွှား ဆိုက်ဘာလုံခြုံရေးကို ကျယ်ကျယ်ပြန့်ပြန့် တပ်လှန့်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up