ဟင်းချက်ပြရင်း အွန်လိုင်းပေါ် နာမည်ကြီးနေသည့် အသက် ၁၀၆ နှစ်အရွယ် ဖွားဖွား (ရုပ်သံ)
Published By
DVB | 16 May, 2017
832
0
Share
0
Comment
0
Likes
အိန္ဒိယနိုင်ငံမှ အဖွားအိုတဦးဟာ ဟင်းချက်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေကို ယူကျု အင်တာနက်စာမျက်နှာပေါ်မှတဆင့် တင်ခဲ့ရာကနေ နာမည်ကြီးနေခဲ့ပါတယ်။
ဖွားဖွား မတ်စတာနမ်မာရဲ့ အသက်ကို ၁၀၆ နှစ်လို့ သက်သေပြနိုင်ဖို့ မွေးစာရင်းမရှိခဲ့ပါဘူး။
ဒါပေမယ့် ခုအချိန်ထိတိုင်အောင် သွက်လက်တဲ့ အမူအရာနဲ့ ဟင်းချက်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေကတော့ အားပေးကြတဲ့ ပရိသတ် အခိုင်အမာရရှိခဲ့ပါပြီ။
ကျေးလက်တောရွာတရွာမှာ နေထိုင်တဲ့ ဖွားဖွားရဲ့ ဟင်းလျာတွေဟာ အသီးအနှံတွေ၊ အသီးအရွက်နဲ့ အသားငါးတွေ ရောပြွမ်းနေတဲ့ ရိုးရာဟင်းလျာတွေ ဖြစ်ပါတယ်။
အပေါ့အငံ အချိုးအဆကို မျက်မြင်မှန်းဆကာ ထည့်နိုင်ပြီး သူ့ရဲ့လက်သည်းတွေနဲ့ ရိုးရာဓားတချောင်းကို အသုံးပြုပြီး အသီးအနှံတွေ အခွံခွာတာ၊ သင်တာတွေကို လုပ်နေတာဟာလည်း ထူးခြားလှပါတယ်။
ဖွားဖွားရဲ့ ဟင်းတွေအားလုံးဟာ ထင်းမီးဖိုကို အသုံးပြုပြီး ချက်ပြုတ်တာ ဖြစ်ပါတယ်။
ဖရဲသီးတလုံးရဲ့အခွံကို အပေါ်ကဖောက်ပြီး အတွင်းထဲမှာ ကြက်သားကိုထည့်ကာ ချက်ပြုတ်ထားတဲ့ ဖရဲသီးအိုးကြက်သားဟင်းလျာဟာလည်း နာမည်ကျော်ပါပဲ။
ခုလို ချက်ပြုတ်တဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေကိုတော့ ဖွားဖွားရဲ့မြစ် ယောက်ျားလေးတဦးနဲ့ သူငယ်ချင်းဖြစ်သူတို့က ဖွင့်ပေးထားခဲ့ကြပြီး လက်ရှိမှာတော့ ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါတယ်။