A d v e r t i s e m e n t With Us

မယားငယ်ထားသည့်ယောက်ျားကို ထိုင်းအမျိုးသမီး ကားဖြင့်လိုက်တိုက် (ရုပ်သံ)

ထိုင်းနိုင်ငံမှာ အမျိုးသမီးတဦးက သူ့ရဲ့ ယောကျာ်းဖြစ်သူနဲ့ နောက်မိန်းမရဲ့ကားကို ဂျီပီအက်စ်စနစ်နဲ့ နောက်ယောင်ခံလိုက်ပြီး ကားနဲ့လိုက်တိုက်ခဲ့လို့ တခြားယာဉ် ၃ စီးပါ ဆင့်ကဲတိုက်မိမှု ဖြစ်ပွားခဲ့ပါတယ်။ ဘန်ကောက်မြို့အနီး ပထုန်ဌာနီခရိုင် ရန်းဆစ်နဲ့ နခွန်းနာယုဒ် လမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့က စုစုပေါင်း ယာဉ် ၅ စီး ဆင့်ကဲတိုက်မှု ဖြစ်ပွားတာပါ။ ဖော်ကျူနာအနက်ရောင်ကားတစီးက အဖြူရောင်ဗင်ကားကို အနောက်ကနေ တမင်လိုက်တိုက်ရာက အရှေ့၊ အနောက်နဲ့ ဘေးက တခြားကား ၃ စီးကိုပါ ဆင့်ကဲတိုက်မိပြီး စုစုပေါင်း ကား ၅ စီး ပျက်စီးသွားပါတယ်။ တာဝန်ရှိသူတွေက မတော်တဆဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးရာမှာ ဖော်ကျူနာ အနက်ရောင်ကားမောင်းသူ အမျိုးသမီးက သူမရဲ့ အမျိုးသားဟာ တခြားအမျိုးသမီးနဲ့ ဖောက်ပြန်နေကြောင်း စုံစမ်းသိရှိရတဲ့အတွက် အမျိုးသားရဲ့ကားက ဂျီပီအက်စ်ကိုယူထားပြီး နောက်ယောင်ခံလိုက်ခဲ့ကြောင်း၊ အမျိုးသားက အဲဒီနောက်မိန်းမကို သွားကြိုပြီး မောင်းနှင်သွားတာ တွေ့တဲ့အတွက် သည်းမခံနိုင်တော့ဘဲ အနောက်ကနေ ကားနဲ့ လိုက်တိုက်ခဲ့တာလို့ ဝန်ခံသွားပါတယ်။ ဒီယာဉ်တိုက်မှုမှာ အမျိုးသားရဲ့ နောက်မိန်းမ လက်ဖျံရိုးကျိုးသွားပြီး ၄ ကီလိုမီတာအရှည်ထိ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားကာ ပျက်စီးသွားတဲ့ကားတွေကို တနာရီကျော်ကြာမှ အခင်းဖြစ်တဲ့ နေရာကနေ ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up