Home
မြန်မာသတင်း
နမ္မတူမြို့ပေါ် စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ အကူအညီလိုအပ်
ခွန်ဇော်ဦး
·
May 16, 2017
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့ပေါ်က ရွှေမြင်သာဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်တွေအတွက် စားသောက်ကုန်တွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ဒီဗွီဘီကို ပြောပါတယ်။ ရွှေမြင်သာဘုန်းကြီးကျောင်းမှာ လက်ရှိ ခိုလှုံနေသူ ၂၈၉ ယောက် ရှိပါတယ်။ သူတို့တွေဟာ နမ္မတူမြို့နယ်၊ ဆိုက်ခေါင်ကျေးရွာအုပ်စုအတွင်းက ဆိုက်ခေါင်ရွာ၊ ပန်ဝိုးရွာ၊ နမ့်မိုင်းစော့ရွာ၊ ပန်မခေရွာ၊ နမ့်ကမ်မြန်မာရွာ၊ ကုန်ဆာရွာနဲ့ ပိန်း နောင်းရွာစတဲ့ ရွာပေါင်း ၈ ရွာကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ အရပ်သားပြည်သူတွေ ဖြစ်ပါတယ်။ သူတို့တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာတဲ့ အကြောင်းရင်းကတော့ အခုနှစ် မတ်လ ၁၀ ရက်နေ့က RCSS ရှမ်းပြည်တပ်မတော်နဲ့ TNLA တအာင်းတပ်မတော်တို့ ဆိုက်ခေါင်ကျေးရွာအုပ်စုအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ရှိခဲ့လို့ နှစ်ဖက်တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး နေရပ်စွန့်ခွာခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း နမ္မတူမြို့နယ်အတွင်း နှစ်ဖက် စစ်ရေးလှုပ်ရှားမှုတွေ ရှိနေဆဲဖြစ်တာကြောင့် ဆိုက်ခေါင်ကျေးရွာအုပ်စုက ရွာသူရွာသားတွေ နေရပ်ပြန်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့တွေအတွက် စားသောက်ကုန်တွေ လှူဒါန်းပေးဖို့ လိုအပ်နေတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024