Home
မြန်မာသတင်း
မန္တ​လေး​မြို့​ပေါ် ​တောင်း​ရမ်း​စား​သောက်သူများ​ကို အ​ရေး​ယူမည်
ရွှေအောင်
·
February 1, 2012
မန္တ​လေး​မြို့​ပေါ်မှာ ​တောင်း​ရမ်း​စား​သောက်​နေကြတဲ့​ ​လေလွင့်​သူ​တွေကို စည်ပင်ဥပ​ဒေအရ အ​ရေး​ယူမယ်လို့​ သက်ဆိုင်ရာက ​ကြေညာချက် ထုတ်လိုက်ပါတယ်။ မန္တ​လေး​မြို့​စည်ပင်က ထုတ်​ဝေတဲ့​ မန္တ​လေး​သတင်း​စာမှာ ပြီး​ခဲ့​တဲ့​ အပတ်ကတည်း​ကစပြီး​ ​ကြေညာချက် ထည့်​သွင်း​ ​ဖော်ပြလာတာလို့​ မန္တ​လေး​မြို့​ခံ သတင်း​ထောက်တဦး​က ​ပြောပါတယ်။ “ဘူတာကြီး​တဝိုက်မှာ ​တောင်း​ရမ်း​စား​သောက်သူ​တွေ၊​ လမ်း​ပေါ်မှာ ​လေလွင့်​နေတဲ့​သူ​တွေ ရှိ​နေတဲ့​အတွက် မြို့​တော်ရဲ့​ သန့်​ရှင်း​သာယာလှပ​ရေး​ကို ထိခိုက်တယ်​ပေါ့​ဗျာ။ အဲ့​ဒါ​တွေကို သန့်​ရှင်း​ရေး​ဌာနက စည်ပင်ရဲ့​ နည်း​ဥပ​ဒေနဲ့​ အ​ရေး​ယူမည်ဆိုပြီး​ သတင်း​စာထဲက​နေ ​ကြေညာချက် ထုတ်လိုက်တယ်။ ပုဒ်မ ၂၄၊​ ၂၅၊​ ၂၆၊​ ၂၇ ​ပေါ့​။ အဲဒီနည်း​ဥပ​ဒေနဲ့​ အ​ရေး​ယူမယ်​ပေါ့​ဗျာ။” ပညာ​ပေး​ကာလ တပတ် သတ်မှတ်ထား​ပြီး​ အဲ့​ဒီ​နောက် အ​ရေး​ယူမယ်လို့​ သက်ဆိုင်ရာက ထုတ်ပြန်ထား​ပေမယ့်​ ဒီ​နေ့​ထိ​တော့​ အ​ရေး​ယူ ဖယ်ရှား​တာမျိုး​ မရှိ​သေး​ဘူး​လို့​လည်း​ ​ပြောပါတယ်။ ​တောင်း​ရမ်း​စား​သောက်ပြီး​ လမ်း​ဘေး​မှာ ​နေထိုင်​နေကြတဲ့​သူ​တွေဟာ က​လေး​သူငယ်​တွေများ​ပြီး​ ပြီး​ခဲ့​တဲ့​ ၂၀၁၁ ခုနှစ်ထဲ အ​တွေ့​ရများ​လာတယ်လို့​ မြို့​ခံတချို့​ကလည်း​ ​ပြောပါတယ်။ အထူး​သဖြင့်​တော့​ မန္တ​လေး​ဘူတာကြီး​ အနီး​တဝိုက်၊​ ၇၈ လမ်း​နဲ့​ ၃၅ လမ်း​ထောင့်​၊​ ၂၆ လမ်း​နဲ့​ လမ်း​ ၈၀ ​ထောင့်​နဲ့​ ၂၃-၂၆ လမ်း​ထောင့်​တွေမှာ အုပ်စုဖွဲ့​ ​တောင်း​ရမ်း​စား​သောက်ပြီး​ ​နေချင်သလို ​နေထိုင်​နေကြ​တော့​ ယာဉ်မ​တော်တဆဖြစ်တာ မြင်ရဆိုး​တယ်လို့​လည်း​ ဆိုပါတယ်။ ဒါ့​အပြင် မန္တ​လေး​မြို့​ပေါ်က လက်ဖက်ရည်ဆိုင်နဲ့​ စား​သောက်ဆိုင်​တွေမှာ သင်္ကန်း​ခြုံထား​တဲ့​သူ​တွေ၊​ လိုက်လံ အလှူခံ​နေတာ​တွေလည်း​ အများ​အပြား​ ရှိ​နေတုန်း​ ဖြစ်ပါတယ်။ မန္တ​လေး​မြို့​ခံ သတင်း​ထောက်က​တော့​ ဒီလိုမျိုး​ ကိစ္စ​တွေဟာ အ​ရေး​ယူမယ် ဆိုရုံ​လောက်နဲ့​ မပြီး​ဘူး​လို့​ သုံး​သပ် ​ပြောကြား​ပါတယ်။ “ဖမ်း​ဆီး​မယ်ဆိုတဲ့​ နှိမ်နင်း​မယ်ဆိုတဲ့​ အမိန့်​လောက်နဲ့​ ​ပျောက်စရာ အ​ကြောင်း​မရှိဘူး​။ ဘာလို့​လဲဆို​တော့​ ဒါက​ဖြေရှင်း​ရမယ့်​ အ​ကောင်း​ဆုံး​နည်း​လမ်း​တော့​ မဟုတ်ဘူး​။ အလွယ်ဆုံး​နည်း​လမ်း​ပဲ။ ဒါ​ကြောင့်​ ဒါမျိုး​တွေ မရှိ​အောင်လို့​ ဘယ်လိုမျိုး​နေရာ​တွေမှာ ပြုစု​စောင့်​ရှောက်​ပေး​မှာတုန်း​၊​ အလုပ်အကိုင်ရှိလာ​အောင် ဘယ်လို​တွေလုပ်​ပေး​မှာလဲ၊​ ဒီက​လေး​တွေ ဒါမျိုး​တွေ မဖြစ်သွား​အောင် အ​ကြောင်း​ရင်း​ခံက ဘာလဲဆိုတာ​တွေ သိ​အောင်လုပ်မှ ဖမ်း​လည်း​ဖမ်း​ပဲ၊​ အဖမ်း​ခံရုံရှိတာပဲ၊​ ဘာမှမတတ်နိုင်ဘူး​။ ​ဖြေရှင်း​တဲ့​နည်း​လမ်း​တွေက လွယ်တဲ့​နည်း​လမ်း​တွေနဲ့​ ​ဖြေရှင်း​နေတာ။ ရှင်း​လိုက်ကွာဆိုတဲ့​ ပုံစံမျိုး​ပဲ၊​ အ​ခြေအ​နေက။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024