Home
မြန်မာသတင်း
ဆေးရုံတက်နေသည့် လူနာချင်း အချင်းများ ရိုက်နှက်ရာမှ ၁ ဦး သေဆုံး
DVB
·
May 16, 2017
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူပြည်သူ့ဆေးရုံတွင် အမျိုးသား ကုသဆောင်မှာ မေ ၁၄ ရက် နေ့လယ်က ဆေးကုသခံယူနေတဲ့ လူနာတဦးမှ ကပ်ရက် ခုတင်မှာ ဆေးကုသမှုခံယူနေတဲ့ လူနာကို ရိုက်နှက်ရာက  သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဆိပ်ဖြူမြို့မရဲစခန်းက သိရပါတယ်။ ကျန်မာရေးမကောင်းတဲ့အတွက် ဆေးကုသခံယူနေတဲ့ ဦးတင်ဆောင်က ကယောင်ကတမ်း ပြောဆိုနေတာကို  တဖက်ခုတင်မှာ အရက်ဖြတ်ဖို့ တက်ရောက်နေတဲ့ ဦးအောင်မြင့်နိုင်ဆိုသူက အခန်းအပြင်ဘက် လက်ရန်းတပ်ထားတဲ့ နှစ် တလက်မသစ်သား နှစ်ချောင်းကို  ဖြုတ်လာပြီး ရိုက်နှက်ခဲ့ရာက သေဆုံးခဲ့တာပါ။ ၀င်ရောက် တားဆီးတဲ့ သေဆုံးသူ ဦးတင်ဆောင်ရဲ့သားဖြစ်သူ ကျော်မင်းထူးရဲ့ ယာလက်ပြင် ပွန်းရှ၊ ယာပခုံး ပွန်းရှ၊ ယာပါရိုး စုတ်ပြဲ ဒဏ်ရာတွေရရှိခဲ့ပြီး သမီးဖြစ်သူ မသင်းသင်းဌေးရဲ့ ယာလက်မောင်း ညိုမဲဒဏ်ရာနဲ့ ညီမဖြစ်သူ ဒေါ်ဟံသန်းမှာ ဦးခေါင်းထိပ် စုတ်ပြဲ၊ ယာလက်သန်း ဖူးရောင် ညိုမဲ ဒဏ်ရာ တို့ ရရှိခဲ့တယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်သူကိုတော့ ဆိပ်ဖြူ မြို့မရဲစခန်းက လူသတ်မှုနဲ့ စစ်ဆေး အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024