Home
မြန်မာသတင်း
ဆန်ဝယ်ချိန် ​နောက်ကျသဖြင့်​ လယ်သမား​များ​ကို ​တောင်း​ပန်
နေသွင်
·
February 1, 2012
ဈေး​ကွက်​ပေါက်​ဈေး​ထက် ​ဈေး​မြှင့်​ပေး​ပြီး​ ဝယ်ယူမယ့်​ အစိုး​ရရဲ့​ အရန်ဆန်ဝယ်ယူ​ရေး​ အစီအစဉ် စတင်တဲ့​အချိန် ​နောက်ကျသွား​တဲ့​အတွက် ဆန်ဝယ်ယူ​ရေး​ကော်မတီက လယ်သမား​တွေကို ​တောင်း​ပန်လိုက်ပါတယ်။ စပါး​တင်း​တရာကို ၃ သိန်း​ ၃ ​သောင်း​ပေး​ဝယ်တဲ့​ အစိုး​ရရဲ့​ အရန်ဆန် တန်ချိန် ၁၀ သိန်း​ ဝယ်ယူ​ရေး​ မစတင်ခင် ကတည်း​က ​ငွေလို​နေတဲ့​ လယ်သမား​တွေက ​ဈေး​နှိမ်ဝယ်တဲ့​ ကုန်သည်​တွေ လက်ထဲကို ​ရောင်း​ချပြီး​ ဖြစ်​နေတဲ့​ သတင်း​တွေ ထွက်​ပေါ်ခဲ့​တဲ့​ ​နောက်မှာ အခုလို ​တောင်း​ပန်လိုက်တာပါ။ နိုင်ငံ​တော် အရန်ဆန်ထား​ရှိ​ရေး​ ​ကော်မတီရဲ့​ မ​နေ့​က တရား​ဝင် ထုတ်ပြန်ချက်မှာ အရန်ဆန်ဝယ်ယူ​ရေး​ အစီအစဉ်ကို ယခုနှစ်မှ စတင်ခြင်း​ဖြစ်လို့​ ပြင်ဆင် ​ဆောင်ရွက်​နေမှု​တွေ​ကြောင့်​ အချိန်​နောက်ကျရတာလို့​ ​ဖော်ပြထား​ပြီး​ ​ရောင်း​ဖို့​ ကျန်​နေ​သေး​တဲ့​ စပါး​တွေကို မြို့​နယ်အသီး​သီး​က ဆန်း​စပါး​ လုပ်ငန်း​အသင်း​ခွဲ​တွေနဲ့​ ဆက်သွယ်​ရောင်း​ချဖို့​ အသိ​ပေး​ထား​ပါတယ်။ မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​အသင်း​ရဲ့​ ဒုဥက္ကဌ ဦး​အောင်သန်း​ဦး​က လယ်သမား​တွေအတွက် အကျိုး​ဖြစ်ဖို့​ အသင်း​က အစွမ်း​ကုန် ကြိုး​စား​နေတယ်လို့​ ရှင်း​ပြပါတယ်။ “ဆန်​ကော်မတီက​တော့​ ​သောကြာ​နေ့​လောက်ကို ​ငွေစ​ပေး​ပြီး​တော့​ ဝယ်ဖို့​ပါ။ ကျ​နော်တို့​ ၃ သိန်း​ ၃ ​သောင်း​ဈေး​နဲ့​ ဝယ်မယ်။ ​တောင်သူ​တွေဆီကပဲ တိုက်ရိုက်ဝယ်ပါမယ်။ ကုန်သည်​တွေဆီက တဆင့်​ မဝယ်ပါဘူး​။ တမြို့​နယ်မှာ ကျ​နော်တို့​ အဝယ်စခန်း​ ၃ ခုက​နေ ၅ ခုထိထား​မှာပါ။ စဖွင့်​ရင် ​ကော်မတီကို တမြို့​နယ်ကို ​ကော်မတီ ၉ ​ယောက်နဲ့​ ဖွဲ့​ထား​ပါတယ်။ အဓိက က​တော့​ ဧရာဝတီ၊​ ရန်ကုန်၊​ ပဲခူး​ အ​ရှေ့​ အ​နောက်ပါ။ မြို့​နယ်​တွေမှာ အား​လုံး​ပေါင်း​ ၆ဂခု ​ကော်မတီဖွဲ့​ထား​ပြီး​ပြီ။” လက်ရှိ ​ဈေး​ကွက် ​ပေါက်​ဈေး​က စပါး​တင်း​တရာကို ၃ သိန်း​ဝန်း​ကျင် ဖြစ်ပြီး​ လယ်သမား​တွေက​တော့​ ပြီး​ခဲ့​တဲ့​ လပိုင်း​ စပါး​ပေါ်ချိန် ​ဈေး​ကွက်​အေး​နေတဲ့​ အချိန်မှာကတည်း​က ရတဲ့​ ​ဈေး​နဲ့​ ​ရောင်း​ပြီး​ ဖြစ်​နေတာပါ။ ပဲခူး​တိုင်း​ သာယာဝတီက လယ်သမား​အ​ရေး​ဆောင်ရွက်​နေသူ ကို​ကျော်နိုင်ဦး​က လွန်ခဲ့​တဲ့​ လပိုင်း​ကတည်း​က တပ်ရိက္ခာအတွက် ​ရောင်း​လိုက်ရလို့​ လယ်သမား​တွေ လက်ထဲ ထပ်​ရောင်း​စရာ စပါး​မကျန်​တော့​ဘူး​လို့​ ​ပြောပါတယ်။ “နိုင်ငံ​တော် အရန်ဆန်လို့​ လုပ်တာက နံပါတ် တစ်အချက်က လယ်သမား​အကျိုး​ခံစား​ခွင့်​ မရှိနိုင်​တော့​ဘူး​။ စပါး​မှ မရှိ​တော့​တာ။ ကျ​နော်တို့​မှာ ရှိတာက တပ်စပါး​။ ကျန်တဲ့​နေရာ​တွေက စပါး​တွေကို သတင်း​စာထဲမှာ တိုင်း​နဲ့​ပြည်နယ်​တွေမှာ အကုန်လုံး​ ဖွင့်​ဝယ်တယ်။ ကျ​နော်တို့​ သာယာဝတီခရိုင် မပါဘူး​။ မပါဘဲနဲ့​ သူတို့​က ကုန်သည်တ​ယောက်ကို တိုး​ပြီး​ ဝယ်ခိုင်း​တယ်။ ဒီမှာကျ​တော့​ သူက နင်း​လို့​ရ​တော့​ နင်း​ပြီး​ ဝယ်သွား​တယ်။ ၂ သိန်း​ ၇ ​သောင်း​၊​ ၂ သိန်း​ ၈ ​သောင်း​ ​လောက်ပဲ ​ပေး​ပြီး​ဝယ်သွား​တယ်။ ဝယ်ပြီး​တော့​ သူက ​နေ့​ပေး​မလို ည​ပေး​မလိုနဲ့​။ နိုင်ငံ​တော်က ပိုက်ဆံပြန်ထုတ် မ​ပေး​သေး​လို့​ပါ ဆိုပြီး​ မ​ပေး​သေး​ဘူး​ က​နေ့​အထိ။ လယ်သမား​က စပါး​တော့​ ​ရောင်း​ထား​ပြီး​သွား​ပြီ။ ပိုက်ဆံမရဘူး​။ နိုင်ငံ​တော် အရန်ဆန် ဆိုပြီး​ ခုနက ၄၆ ​ပေါင်ကို ၃ သိန်း​ ၃ ​သောင်း​နဲ့​ ​ရောင်း​မယ်ဆို​တော့​လည်း​ သူတို့​မှာ စပါး​က မရှိ​တော့​ဘူး​။” ဆန်စပါး​စိုက်ပျိုး​ထုတ်လုပ်မှု သု​တေသီ ​ဒေါက်တာ မျိုး​အောင်​ကျော်က အစိုး​ရရဲ့​ အရန်ဆန်ဝယ်ယူ​ရေး​ အစီအစဉ်သစ်ကို ကြိုဆိုလိုက်ပြီး​ ​နောင်နှစ်​တွေမှာ အခုထက် ပို​ကောင်း​တဲ့​ နည်း​လမ်း​တွေ ရှိလာမယ်လို့​ ​မျှော်လင့်​ကြောင်း​ ​ပြောပါတယ်။ “စိုက်ပျိုး​ရေး​ ထွက်ကုန်​တွေရဲ့​ သ​ဘောသဘာဝက သူ့​ရာသီချိန် ​ရောက်လာ​တော့​ ​ဈေး​ကကျလာ​တော​ပေါ့​။ ကျတယ်ဆိုတာ ဆန်စပါး​တင် မဟုတ်ဘူး​။ တခြား​အသီး​အနှံ​တွေလည်း​ ဒီလိုပဲ။ ကျ​နော်တို့​အ​နေနဲ့​ ဘာလုပ်နိုင်လဲဆို​တော့​ ကျ​နော်တို့​ ဆန်စပါး​အသင်း​အ​နေနဲ့​ အရန်ဆန် ကိစ္စ​ပေါ့​နော်။ ဝယ်ဖို့​က ဒီနှစ်မှ စတာကိုး​။ ဒီ အ​လေ့​အထက ကျ​နော်တို့​အ​နေနဲ့​ အခုမှစ​တော့​ ချက်ချင်း​ကြီး​လည်း​ လုံး​ဝဥဿုံ အဆင်​ပြေမယ် မထင်ပါဘူး​။ တဖြည်း​ဖြည်း​ပဲ ဒီအ​လေ့​အထကို ကုန်သည်​တွေကြား​မှာ အသင်း​အပိုင်း​တွေမှာ ဒါ​တွေကို ပူး​ပေါင်း​ပြီး​ လုပ်သွား​မယ်ဆိုရင် ​နောက်နှစ် ​နောက်နှစ်​တွေဆိုရင် ဒီရာသီ​ပေါ်တဲ့​အချိန် ​ဈေး​ကျတယ်ဆိုရင် ​ဈေး​ကျမယ့်​ အချိန်မှာ ကြိုပြီး​တော့​ စီစဉ်နိုင်မယ့်​ အ​နေအထား​တွေ ဖြစ်လာမယ်လို့​ ကျ​နော်မြင်ပါတယ်။ အဲ့​အခါကျရင်​တော့​ စပါး​ပေါ်တဲ့​အချိန်မှာ အချိန်ကိုက် ​ဈေး​မကျနိုင်​အောင် ထိုင်း​နိုင်ငံတို့​မှာလည်း​ လုပ်ပါတယ်။ စပါး​ကို အ​ပေါင်စနစ်နဲ့​ထား​။ ​ငွေရာခိုင်နှုန်း​တချို့​ကို သူတို့​ကို ​ချေး​ပေး​လိုက်။ သူတို့​ ​ရောင်း​ချင်မှ ​ရောင်း​တဲ့​ စနစ်​တွေ ဒါ​တွေက ဖြစ်လာမှာပါဗျ။” မြန်မာပြည်ဟာ ကမ္ဘာမှာ ဆန်အများ​ဆုံး​ တင်ပို့​တဲ့​ နိုင်ငံတနိုင်ငံ ဖြစ်နိုင်​ပေမယ့်​ လက်​တွေ့​ဖြစ်လာ​အောင် စိုက်ပျိုး​ရေး​ ကဏ္ဍနဲ့​ ​ဈေး​ကွက်ကို ​ခေတ်မီ​အောင် ပြုပြင်​ပြောင်း​လဲစရာ​တွေ ရှိ​နေတာကို ပညာရှင်​တွေက ​ထောက်ပြကြပါတယ်။ အစိုး​ရရဲ့​ တရား​ဝင်ကိန်း​ဂဏန်း​တွေအရ ပြီး​ခဲ့​တဲ့​နှစ်က မြန်မာပြည်က ဆန်တန်ချိန် ၇ သိန်း​ နိုင်ငံခြား​ကို တင်ပို့​နိုင်ခဲ့​ပြီး​ ၂၀၁၂ ခုနှစ်မှာ တန်ချိန် တသန်း​ခွဲ တင်ပို့​နိုင်မယ်လို့​ အစိုး​ရက ခန့်​မှန်း​ထား​ပါတယ်။ စိုက်ပျိုး​ရေး​ပညာရှင် ​ဒေါက်တာမျိုး​အောင်​ကျော်က လက်ရှိ အ​ခြေအ​နေမှာ​တောင် မြန်မာ့​ဆန်စပါး​တွေဟာ နိုင်ငံခြား​ဈေး​ကွက်ကို နည်း​အမျိုး​မျိုး​နဲ့​ ​ရောက်​နေတယ်လို့​ ​ပြောပါတယ်။ “တရား​ဝင် အချက်အလက်​တွေအရ​တော့​ ထား​ပါ​တော့​ဗျာ။ ၁ သန်း​အောက်မှာပဲ တန် ၄၊​ ၅၊​ ၆ သိန်း​ပေါ့​ စသဖြင့်​ တွက်​နေ​ပေမယ့်​ နယ်စပ်​တွေမှာ မမြင်နိုင်တဲ့​ လမ်း​ကြောင်း​တွေနဲ့​ ထွက်​နေတဲ့​ ပမာဏ​ပေါင်း​ရင် အနိမ့်​ဆုံး​ ​အောက်ထစ် ၁ သန်း​က​တော့​ ရှိတယ်ဗျ။ ဒါကလည်း​ ​ဒေသတွင်း​မှာလည်း​ က​မ္ဘောဒီး​ယား​တို့​ ဗီယက်နမ်တို့​ဆိုလည်း​ ဒီလိုပဲ။ သူတို့​နဲ့​ နီး​စပ်တဲ့​ ထိုင်း​တို့​ တရုတ်တို့​ဘက်ကို သူတို့​ ဆန်​တွေ ​မှောင်ခိုသွား​တယ်။ ကျ​နော်တို့​ ဗမာပြည်မှာလည်း​ နယ်စပ်လမ်း​ကြောင်း​တွေက​နေ ထွက်​နေတဲ့​ အခါကျ​တော့​ ကျ​နော်တို့​ရဲ့​ နှစ်စဉ်ထုတ်လုပ်မှုက​တော့​ ၁ သန်း​အထက်မှာပဲ ရှိတယ်။ အခုဆို ဒီဘက် အစိုး​ရ​နောက်ပိုင်း​မှာ​တော့​ အကုန်လုံး​ ပွင့်​လင်း​လာမယ်။ ​နောက် နယ်စပ်​တွေကလည်း​ ပို့​တာကအစ တရား​ဝင် တင်ပို့​နိုင်တဲ့​ အ​ခြေအ​နေ​တွေ ဖန်တီး​လာမယ်ဆိုရင် ဒီအချက်အလက် (data) ​တွေက တတ်လာမှာပါ။” အစိုး​ရက အရန်ဆန်ကို ထိုက်သင့်​တဲ့​ ​ဈေး​ပေး​ ဝယ်လိုက်တဲ့​အတွက် ​ဈေး​ကွက်​ပေါက်​ဈေး​မြင့်​တက်လာ၊​ လယ်သမား​တွေအတွက် တွက်​ချေကိုက်ပြီး​ စိုက်ပျိုး​ရေး​ လုပ်ငန်း​အ​ပေါ်မှာ ပို အာရုံစိုက်လာမှာ ဖြစ်တဲ့​အတွက် ဆန်း​စပါး​ ထုတ်လုပ်မှုလည်း​ တက်လာမယ်လို့​ ​ဒေါက်တာ မျိုး​အောင်​ကျော်က သုံး​သပ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024