ညီဖြစ်သူကို မိကျောင်းရန်မှ ကယ်တင်ခဲ့သည့် ခြင်္သေ့ညီနောင်ကြားမှ ချစ်မေတ္တာ (ရုပ်သံ)

အခက်အခဲတွေ၊ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရချိန်မှာ ချစ်ခြင်းမေတ္တာတရားနဲ့ ရဲဘော်ရဲဘက်စိတ်ဟာ အရေးအပါဆုံးပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ညီဖြစ်သူကို မိကျောင်းရန်ကနေ ကာကွယ်ပေးခဲ့တဲ့ ခြင်္သေ့ညီနောင်ကြားမှ ချစ်ခြင်းမေတ္တာကို တွေ့မြင်ကြရမှာပါ။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့လက အာဖရိကနိုင်ငံ၊ ဘော့စ်ဆွာနာမြို့၊ Wilderness Safari’s King’s Pool ထဲမှာဖြစ်ခဲ့ပြီး မျက်မြင်တွေ့ရှိသူ ကမ္ဘာလှည့်ခရီးသည်တဦးက မိုဘိုင်းဖုန်းကင်မရာမှတဆင့် မှတ်တမ်းတင် ရိုက်ယူထားနိုင်ခဲ့ပါတယ်။ ခြင်္သေ့တွေဟာ မြစ်ကိုဖြတ်ကူးပြီး တဘက်ကမ်းကိုသွားဖို့ ကြိုးစားခဲ့ကြတာဖြစ်ပြီး ရှေ့ဆင့်နောက်ဆင့် ၂ ကောင်အတူတူ ဖြတ်သန်းခဲ့ကြတာပါ။ သူတို့ဖြတ်ကူးပြီး ကမ်းတဘက်အနီး ရောက်ကာနီးမှာတော့ အလစ်ချောင်းနေတဲ့ မိကျောင်းတကောင်က ခြင်္သေ့အငယ်ကောင်ကို ကိုက်ဆွဲတိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ အစ်ကိုဖြစ်သူ ခြင်္သေ့က ကူညီကာ ပြန်လည်တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့ ခြင်္သေ့အငယ်ဟာ မြစ်အတိုင်း အနောက်ဘက်ကို ပြန်ပြီး ဆုတ်ခွာပြေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ကို ရိုက်ကူးသူက “ခြင်္သေ့အငယ်ကို မိကျောင်းက တိုက်ခိုက်ချိန်မှာ ခြင်္သေ့အကြီးက ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ကူညီပြီး ဝိုင်းတိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ ပထမဆုံး ခြင်္သေ့အငယ်က နောက်ကြောင်းပြန်ပြေးပြီး လွတ်သွားချိန်မှာ ကျနော်တို့က ခြင်္သေ့အကြီးကတော့ မိကျောင်းစာ မိခဲ့ပြီလို့ ထင်ခဲ့ကြတာပါ။ နောက်တော့ ရေစပ် ကျူပင်တောတွေ ကြားထဲကနေ ထွက်လာခဲ့တာကို တွေ့ရမှ ၂ ကောင်လုံး လွတ်မြောက်လာမှန်း သိခဲ့ရတာပါ” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up