လာမည့်နှစ်တွင် ချဲလ်ဆီးအသင်း ပိုကောင်းလာမည်ဟု နည်းပြ ကွန်တီ ပြော

ဓာတ်ပုံ - ဘီဘီစီ
515
ချဲလ်ဆီးအသင်းအနေနဲ့ လက်ရှိကစားသမားစာရင်းအတိုင်း ဆက်သွားမယ်ဆိုရင် လာမယ့်နှစ်မှာ ပိုကောင်းလာမှာဖြစ်တယ်လို့ အသင်းနည်းပြ ကွန်တီက ပြောလိုက်ပါတယ်။
ကစားသမားတွေအနေနဲ့ မိမိရဲ့ ကစားချင်တဲ့ ကစားကွက်ကို သိရှိသလို ကစားသမားတွေရဲ့ အခြေအနေကိုလည်း သိရှိတဲ့အတွက် လာမယ့်နှစ်မှာ ပိုပြီး ခြေစွမ်းကောင်းလာမယ်လို့ ကွန်တီက ဆိုပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာကို တရုတ်စူပါလိဂ် ကလပ်အသင်းတသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေပြီး တောင်ပံကစားသမား ဟာဇက်ကိုလည်း ထိပ်တန်းအသင်းတွေက ခေါ်ယူလိုနေတာပါ။
အသက် ၄၇ နှစ်ရှိ အီတလီနည်းပြ ကွန်တီဟာ ချဲလ်ဆီးအသင်းကို စတင်ကိုင်တွယ်တဲ့ ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ်ဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ ရောက်ရှိနေပါတယ်။