မိန်းမဖြစ်သူက ယောက်ျားကို ဓားမဖြင့်ခုတ် နေရာတင်ပွဲချင်းပြီး သေဆုံး
DVB
·
May 15, 2017
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကြက်သွန်ခင်း အုပ်စု ဂျို့ကုန်းကျေးရွာမှာ မေလ ၁၅ ရက်နေ့ မနက် ၃ နာရီခန့်တွင် မိန်းမဖြစ်သူက ယောက်ျားဖြစ်သူကို ဓားနဲ့ခုတ်မှု ဖြစ်ခဲ့တယ်လို့ အင်ပင်ရဲစခန်းက ပြောပါတယ်။
ဖြစ်စဉ်မှာ ယောက်ျားဖြစ်သူ ဉာဏ်ဝင်း (အသက် ၄၄-နှစ်)နဲ့ ဇနီးဖြစ်သူ ဒေါ်နွဲ့ယဉ်ဝင်း (အသက် ၄၀-နှစ်)နဲ့ စကားများ ရန်ဖြစ်ကြစဉ် သေဆုံးတဲ့ ယောက်ျားဖြစ်သူက မိန်းမဖြစ်သူကို ဓားနှင့်ခုတ်ဖို့ ရွယ်စဉ် မိန်းမဖြစ်သူက တွန်းလှဲလိုက်ရာ လက်ထဲက ဓားမထွက်ကျသွားပြီး တရားခံဖြစ်သူ မိန်းမက လွတ်ကျသွားတဲ့ ဓားမနဲ့ လည်ပင်းကို ခုတ်ပိုင်းလိုက်ရာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
"ကျနော်တို့ဆီ အကြောင်းကြားတာတော့ မနက် ၅ နာရီကျမှာပါ ခုဖြစ်စဉ်အမှု အင်ပင် ရဲတပ်ဖွဲ့စခန်းက ရဲအုပ်ဇော်ထွန်းက အမှုစစ်အဖြစ် ဆောင်ရွက်နေပါတယ်။ အမှုကို ပနံပတ် ၅၉-၂၀၁၇ ရာဇာသတ်ကြီးဥပဒေ ပုဒ်မ လူသတ်မှု ၃၀၂ နှင့် အမျိုးသမီးကို အရေးယူ ဆောင်ရွက်နေတယ်"လို့ အင်ပင်စခန်းတာဝန်ကျ ရဲတပ်သား မောင်မောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။
သတင်း - သန်းထိုက်မြင့်