Sunday, May 28, 2023
HomeLead Storyနယ်သာလန်အမှတ်ပေးချန်ပီယံဆု ဖီယင်နု ဆွတ်ခူး

နယ်သာလန်အမှတ်ပေးချန်ပီယံဆု ဖီယင်နု ဆွတ်ခူး

ဖီယင်နုအသင်းဟာ နယ်သာလန် အမှတ်ပေးချန်ပီယံဆုကို ၁၉၉၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

မေလ ၁၄ ရက်က ကစားခဲ့တဲ့ နယ်သာလန် အမှတ်ပေးပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်မှာ  ဖီယင်နုအသင်းဟာ ဟီရေကယ်လ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဒုတိယနေရာမှ အေဂျက်စ်အသင်းကို ၁ မှတ်အသာနဲ့ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ ဖီယင်နုအသင်းမှ နယ်သာလန် ဝါရင့်တိုက်စစ်မှူး ကူရစ်က ဟက်ထရစ်သွင်းယူခဲ့ပြီး ဖီယင်နုအသင်းအတွက် သူ့ရဲ့ သွင်းဂိုးပေါင်း ၁၀၂ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဖီယင်နုအသင်းဟာ နယ်သာလန် အမှတ်ပေးချန်ပီယံဆုကို ၁၅ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး သမိုင်းတလျှောက် အကြိမ်အများဆုံး ဗိုလ်စွဲထားတဲ့အသင်းကတော့ အေဂျက်စ်ဖြစ်ပြီး ချန်ပီယံဆု ၃၃ ကြိမ် ရယူထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular