ကနီမြို့တွင် လေပြင်းတိုက်ခတ် ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
Aung Ko Latt
·
May 15, 2017
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့မှာ မေလ ၁၄ ရက် ညနေ ၄ နာရီလောက်က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ အိမ်ပိပြီး သေဆုံးခဲ့ကာ ၂ ဦး ဒဏ်ရာရှိသွားပါတယ်။
ရဲတပ်ဖွဲ့ဝင် ၁ ဦးလည်း ပေါင်ကျိုးသွားလို့ မုံရွာဆေးရုံကြီးကို ပို့ဆောင်နေတယ်လို့ သိရပါတယ်။
လေပြင်းကြောင့် ကနီမြို့ပေါ် အပါအဝင် အနီးနားက ကျေးရွာတော်တော်များများမှာလည်း ပျက်စီးဆုံးရှုံးမှုတွေရှိနေပြီး မြို့ပေါ် အမှတ် ၃ ရပ်ကွက်မှာတော့ တရပ်ကွက်လုံးနီးပါး ပျက်စီးသွားတယ်လို့ သိရပါတယ်။
လေပြင်းဒဏ်ခံရတဲ့ ကနီမြို့ကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးတို့ ကယ်ဆယ်ရေးလုပ်ငန်းအတွက် သွားရောက်ခဲ့ပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။