ဆွစ်ဇာလန်နှင့် ပိုလန်နိုင်ငံခေါင်းဆောင်များအား ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
DVB
·
May 15, 2017
တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်ဇာလန်နိုင်ငံ သမ္မတ၊ သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်၊ ပိုလန်နိုင်ငံ ဝန်ကြီးချုပ်နဲ့ မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ်တို့ကို ဘေကျင်းမြို့မှာ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွစ်ဇာလန်သမ္မတ Doris Leuthard တို့ဟာ Intercontinental Hotel မှာတွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Ranil Wickremesinghe နဲ့ တွေ့ဆုံပြီးလည်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကဏ္ဍ တိုးမြှင့်ဖော်ဆောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနဲ့ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ပြန်/ဆက်